ep 2

819 134 13
                                    


#Unicode

ဂျီမင်သည် ခပ်လန့်လန့်ပုံစံလေးနဲ့ပဲ
ထိုလူစိမ်း၏ အခန်းထဲရောက်သွား
ရသည် ။အဆောင်ခန်းတွေက
ပုံစံတူတွေ ထင်ပါ၏။ဒီအခန်းရဲ့
ရေချိုးခန်းသည်လည်း ဝင်ဝင်ချင်း
ဘယ်ဘက်ထောင့်မှာပဲ ဖြစ်သည်။

" အမှန်တော့ ကိုယ် ဒီအဆောင်ကို
ပြန်မလာတာ ၂ ပတ်ရှိပြီလေ ..
ဒါကြောင့် အဒေါ်ကြီးက ၊မင်းကို
ဒီအခန်းကရေချိုးခန်း သုံးခိုင်းလိုက်
တာဖြစ်မယ် .."

ဂျီမင် အားနာစိတ်တွေတိုးသွားကာ
ထိုလူကို မော့ကြည့်နေမိသည်။
ဘယ်သူကများ ကိုယ့်အခန်းကို
တခြားလူ ဝင်လိုက်ထွက်လိုက်
လုပ်တာကို ကြည်ဖြူနိုင်ပါ့မလဲလေ။
ဒီလူက သဘောကောင်းလွန်းလို့။
ဒီလူ နေရာမှာ ကျွန်တော်ဆိုရင် ၊
ကိုယ့်အခန်းသော့ကို သူများဆီ
လွယ်လွယ်ပေးရမလားဆိုပြီး
ပိုင်ရှင်အဒေါ်ကြီးဆီမှာ သွား
သောင်းကျန်းနေလောက်မည် ။

ဒီလူကို အားနာလိုက်တာ ..

" ဒီအခန်းကိုလူမရှိဘူးပဲ ထင်ခဲ့လို့
ကျွန်တော်လည်း အခန်းသော့ကို
ယူခဲ့မိတယ် .. ဟို ..
တောင်းပန်ပါတယ်နော် .."

ဂျီမင်သည် မျက်နှာကို အောက်ချ၍
တောင်းပန်လိုက်တဲ့အခါ ထိုလူက
အားနာသွားဟန်နဲ့ ပြာပြာသလဲ
ပြန်ငြင်းပေးသည် ။

" မဟုတ်တာပါ .. ဒီကိစ္စလေးနဲ့
ကိုယ့်ကို တောင်းပန်စရာမလိုပါဘူး
ဂျီမင်ရှီ ~"

ဂျီမင်သည် နှုတ်ခမ်းလေးဆူရင်း
ခေါင်းကို ငုံ့ထားသည် ။ပြီးတော့
ပွစိ ပွစိနဲ့ တစ်ခုခုကို ​ရွဲ့စောင်းပြော
နေလေသည် ။

" ဒါ ..အဒေါ်ကြီးကြောင့်.."

တိုးတိုးလေးဆိုမှ တကယ့်ကို
တိုးတိုးလေး ဂျီမင် ရေရွတ်တဲ့
စကားကို ရှေ့ကလူက ကြားသွား
ပြန်တော့ ၊အသည်းယားသလိုမျိုး
ထပ် ပြုံးလိုက်သေးသည် ။ထိုလူ
သည် တစ်ချိန်လုံး ဂျီမင် ဆီကနေ
တခြားကို အကြည့်မလွှဲတတ်ပေ ။

" အဲ ..အဒေါ်ကြီးအီမီဆုလည်း
ဂျီမင်ရှီဒေါသထွက်မှာကို စိတ်ပူ
နေတယ်သိလား .. အဒေါ်ကြီးကို
ဂျီမင်ရှီကပဲ နားလည်ပေးပြီး
ခွင့်လွှတ်လိုက်ပါဦး နော် .."

You'll also like

          

ဂျီမင်သည်၊ဆက်ခနဲခေါင်းထောင်ပြီး
မျက်လုံးလေးပြူးကြည့်မိသည်။
ထို့နောက် တစ်ဆက်တည်း ထိုလူ
ကို ခေါင်းငြိမ့်ပြမိသည် ။

ဒီလူက သဘောထားပြည့်ဝလွန်း
တာလား ။အဒေါ်ကြီးအီမီဆု ကို
ကျွန်တော်ပဲ စိတ်ဆိုးပြီ ၊သူကကျ
စိတ်မဆိုးဘူးလား ? အင်းး ဒီလူလို
ကျွန်တော်လည်း သည်းခံတတ်ဖို့
လေ့ကျင့်ကြည့်မှပဲ။

"အာ..ဒါဆို ..ရေချိုးလိုက်ဦးနော်.."

ဂျီမင်ကို ထိုလူက နှစ်လိုဖွယ်ပြုံးပြ
လာပြန်တော့ ၊ဂျီမင်လည်း ပြန်ပြီး
ခေါင်းကို အသာရို့ရင်းပြုံးပြလိုက်
သည် ။

ထို့နောက် ရေချိုးခန်းဆီသို့ ဂျီမင်
ဝင်လာလိုက်တော့သည်။

••••We were meant to be•••••

ရေချိုးပြီးစီးသွားတဲ့အခါမှာလည်း
ဂျီမင် ထိုအခန်းပိုင်ရှင် ကိုလူချော
ကို မမေ့မလျော့ ကျေးဇူးတင်စကား
ပြောပေးခဲ့ပါသည်။လူမှုရေးအသိ
ခေါင်းပါးသူ မဟုတ်သည့်အတွက်
ကျေးဇူးတရားကို ထုတ်ပြောဖို့
ဂျီမင် တွန့်ဆုတ်မနေပါပေ။
ထိုလူက နွေးနွေးထွေးထွေးပြုံး
ပြလာသည့်အတွက်  ဂျီမင်သည်
လည်း ထိုနွေးထွေးမှုကို အပြုံးချိုချို
နဲ့ပဲ ပြန်တုန့်ပြန်ပေးခဲ့သည်။

•••••••••

ညနေစောင်းအချိန်တွင် ဂျီမင်
သည် အခန်းလေးကို ရှင်းလင်း၍
ပါလာတဲ့ ပစ္စည်းတွေကို နေရာချ
သည် ။ထို့နောက် အသင့်စား
ခေါက်ဆွဲထုပ်လေးနှစ်ထုပ်ကို
ပြုတ်ပြီး ညနေစာအဖြစ် သုံးဆောင်
လိုက်သည် ။မနက်ဖြန်က ပထမဆုံး
အလုပ်တက်ရမယ့် နေ့ဖြစ်သည်မို့ ၊
ဒီညတည်းက အင်္ကျီအသစ်လေးကို
မီးပူတိုက် ၊ရေမွှေးလေး ကြိုစွတ်ထား
ပြီး နံရံကပ် ချိတ်လေးမှာ ချိတ်ထား
သည် ။

အားလုံးပြင်ဆင်ပြီးစီးသွားတဲ့အခါ
ဂျီမင် မိမိ၏စားပွဲခုံမှာ စမက်ကျကျ
နေရာယူလိုက်သည် ။ကျွန်တော်က
online website တစ်ခုမှာ ဝတ္ထု
အပိုင်းတိုလေးတွေ ရေးတတ်သည်။
ကိုယ်က မှုခင်းအကြောင်းအရာတွေ
စိတ်ဝင်စားတော့ အခုဆိုလည်း
မှုခင်းအကြောင်းတစ်ပုဒ်ကို ဝတ္ထုရှည်
အဖြစ် ဖန်တီးကြည့်နေသည် ။
လူသတ်သမားနေရာကနေ ဝင်ခံစား
ပြီး ရေးကြည့်ရတာ သိပ်တော့မလွယ်။
ခေါင်းလည်း အတော်စားရသည်။
ကိုးကားဖို့ရာ နာမည်ကြီးစုံထောက်
ဝတ္ထုတွေအများကြီး ဖတ်ခဲ့ပေမယ့်၊
လက်တွေ့ရေးတဲ့အခါကျ စုံထောက်
နေရာကမဟုတ်ဘဲ လူသတ်သမား
နေရာကဆိုတော့ ကျွန်တော့်အနေနဲ့
အမှန်တကယ် ဝန်ပိရသည် ။
အပိုင်းသစ်လေး တစ်ပိုင်း တင်ပေး
ထားတော့ ကျွန်တော့်စာဖတ်သူတွေ
က နောက်တစ်ပိုင်းကို စောင့်မျှော်
နေကြကြောင်း Mail လာလာပို့တတ်
သည်။

We Were Meant To BeWhere stories live. Discover now