ငါ့ခံစားချက် ငါ့ကဗျာ
နှလုံးသွေးနဲ့ရေးတဲ့ သမုဒ္ဒယသစ္စာ🖋️📗


အပမှီနိုင်ငံတော် " ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီ ကမ္ဘာကြီးကမကျန်းမာဘူး နိုင်ငံကအပမှီနေတယ် ရွာတစ်ရွာပြာကျသွားတဲ့သတင်းက ကိုယ်ဟန်ပြမယ်ရဲ့ပေါင်တံဖွေးဖွေးကို မကျော်နိုင်ခဲ့ဘူး မုဒိန်းကျင့်မီးရှို့ခံလိုက်ရတဲ့ ကောင်မလေးက clubတက်ပျော်ပါးနေတဲ့မိန်းကလေးလောက် အရာမဝင်ခဲ့ဘူး သေမင်းနှုတ်ခမ်းဝကလူကို အအေးခန်းထဲကလူတွေက အပြစ်တင်ကဲ့ရဲ့နေကြတယ် သာသနာပြုဘုန်းကြီးက နိုင်ငံတကာမှာ ဘုရားလှည့်တည်နေတယ် နိုင်ငံအတွင်းကစေတီပုထိုးတွေတော့ ဘောင်မဝင်ဘူးထင်ပါရဲ့ ပြာပုံထဲမှာ တုံးလုံးပက်လက် တစ်ချို့အတွက်မနက်ဖြန်က ရွှေလို တစ်ချို့ကျ မနက်ဖြန်က မသေချာမရေရာ ကမ္ဘာကြီးဟာ ပုံမှန်လေးလည်ပတ်နေပေမယ့် ပုံမှန်မဟုတ်တဲ့နေရာတွေမှာ မုန်တိုင်းဟာ ကွက်ကြမ်းနေတယ်... ဒါပါပဲ အမှန်တရားတွေပြောရင် အမှားတရားတွေနဲ့အပြစ်ဖို့ကြလိမ့်မယ် ဒီနိုင်ငံဟာ အပမှီနေတဲ့အတွက် လူတွေဟာ မကောင်းဆိုးဝါးလိုလို မကောင်းဆိုးဝါးဟာ လူလိုလိုဖြစ်လိမ့်မယ်။ ။ -ခွန်းနိုင်
  • JoinedJanuary 23, 2022

Following

Last Message
KHAkar333 KHAkar333 Jan 27, 2024 09:29PM
သူဘက်က သဘောမကျပေမဲ့ ကိုယ့်ဘက်က မလွန်ဆန်နိုင်တော့လည်း...ခက်သားလားကွာဒါပေမဲ့ သူမ ပျော်နေရင် ကျနော်ပျော်တယ် မင်းစိတ်ကိုနားမလည်ပေမဲ့ မင်းခံစားချက်တွေကိုတော့ ကိုယ်နားလည်ပါတယ်ကွာ အတတ်နိုင်ဆုံး အသန့်ရှင်း...
View all Conversations