Intro

312 23 2
                                    

[Unicode]

Intro

တာဝန်ရှိခြင်း
တာဝန်မဲ့ခြင်း
စည်းမျဉ်းရှိခြင်း
စည်းမျဉ်မရှိခြင်း
ရက်စက်ခြင်း
ဒါမှမဟုတ်နူးညံ့ခြင်း
သိတတ်ခြင်း အဲ့တာရဲ့ဆန့်ကျင်ဘက်
ရိုင်းစိုင်းခြင်း
အချစ်ရှိခြင်း
အချစ်မရှိခြင်း

ဒါ‌တွေတစ်ခုလေးဆိုမှ တစ်ခုလေးတောင်
အရေးမထားခဲ့သော
ဒါမှမဟုတ် သိတောင်သိပုံမရသည့် ဘုရင်ကြီးတပါး လူတစ်ယောက်ရဲ့ပုံပြင်လေးတစ်ခုထဲတွင်ရှိခဲ့ လေသည်။

ဟိုးရှေးရှေးကလေးထက်ကိုပင်ပိုရှေးရှေးကျသော ဒဏ္ဍာရီလာ ရာဇဝင်ပုံပြင်ငယ်လေးတစ်ခု။

လူသိနည်းပါလိမ့်မည်။

ကလေးလေးတွေရဲ့ ဖေဖေ မေမေတွေ ဖိုးဖိုးဖွားဖွားတွေပင် မသိနိုင်လောက်မည့်
သိရင်တောင်မပြောပြလောက်မည့် ပုံပြင်လေးတစ်ခု။

ပြောမပြနိုင်ကြသည်ဆိုတာထက် တကယ်ကိုရိုးဆင်းခဲ့တဲ့
ဇာတ်ကွက်တွေနည်းပါးခဲ့တဲ့ ပုံပြင်တိုလေးမို့များလား။

ဘာကြောင့်မပြောကြတာလဲကတော့ သိသူတွေသာ သိပါလိမ့်မည်။

အခုတော့ထိုပုံပြင်လေးကိုပြောပြမယ့် ပုံပြင်ပြောသူလေးတစ်ယောက်က မင်းတို့ကိုပြောပြချင်လွန်းလို့ စောင့်နေသတဲ့။

ကဲလေ ဒါဆို ဘုရင်ထူးဆန်းကြီးအုပ်ချုပ်တဲ့ နိုင်ငံတော်ကြီးဆီ လေ့လာရေးဆင်းဖို့ချီတက်ကြည့်ရအောင်လား။။

တစ်ခါတုန်းက အကျယ်ကြီးလည်းမဟုတ် အကျဉ်းလေးလဲမဟုတ် သေးသေးလေးလည်းမဟုတ် အကြီးကြီးကြီးလည်းမဟုတ်တဲ့ နိုင်ငံလှလှလေးတစ်နိုင်ငံ ရှိခဲ့ဖူးသတဲ့။

သီနှံတွေကျွယ်ဝပြီး မြေဆီလွှာအင်မတန်ကောင်းခြင်းကြောင့် ဖြောင့်တန်းမြင့်မားတဲ့အပင်ကြီးတွေရှိကာ တောင်ကြားတစ်ခုထဲမှာ နိုင်ငံတော်ကို တည်ဆောက်ထားသတဲ့။
ရေတံခွန်အကြီးကြီးတွေ၊ ရေကန်လှလှလေးတွေ၊
ပန်းပင်လှလှလေးတေ မြင်သူတိုင်း ဟာ ခနဲဖြစ်သွားရမယ့် သဘာဝရဲ့ဖြစ်တည်မှုမျိုးတွေနဲ့ နတ်ဘုရားတွေဖန်ဆင်းထားလေသလား အထင်မှားရအောင် လှပလွန်းသတဲ့။

My Simple King Where stories live. Discover now