အပိုင်း(၂)

117 15 0
                                    

[Unicode].
.
.
.
.
.
အပိုင်း(2)

‌"ဘုရင်ဆိုတဲ့အမျိုးကလေ.."

"အင်း ပြောပါဦး ကိုယ်တော်ကဘာဖြစ်လို့လဲ"

"ကြီးကြီးကျယ်ကျယ်နှင့် တကယ်ပဲ.."

သဘောတကျကိုပြုံးနေသည့် တိုင်းပြည်ဘုရင်ကြီးသည် စိတ်ဆိုးမာန်ဆိုးဖို့သတိမရခဲ့ဘူးထင်ပါသည်။

"မတတ်သာလို့သာ သည်းခံနေတာ ကျွန်နော်မျိုးက ဒါမျိုးဆိုသဘောကျခဲ့တဲ့သူမဟုတ်ဘူး"

တွန့်ချိုးထားတဲ့မျက်ခုံးတွေဆီဖွဖွနမ်းတော့ ဖြစ်တည်သွားသည့်အပြုံးသည် တစ်တိုင်းပြည်လုံး သဲသဲလှုပ်ငေးမောကြရသည့် ဘုရင်မင်းကြီးအသဲစိုင်အားလှုပ်ခတ်စေခဲ့သည့်...
ပထမဦးဆုံးအကြိမ် အများသူတပါးအတွက် တွန့်တိုခဲ့မိသည့်...
ထင်းသွားတဲ့ ပါးရိုးတွေဆီ ထပ်နမ်းတော့ တွန်းဖယ်ရှောင်ထွက်သွားသည့်သူ။

"မဖြစ်နိုင်လို့ ကိုယ်တော် တားရတာပါ။
ဘိုးဘွားရေကန်က အထွဍ်အမြတ်နေရာလေ..
မင်းသိသားနဲ့.."

"မသိဘူး ရေပန်းရှိလို့ ရေကူးချင်တယ်။
ကျွန်တော်မျိုးကနေရပ်မှာဆို အမြဲရေကူးနေကြ။
ဒီမှာ မြစ်မရှိ၊ ကန်မရှိနဲ့။
သိပ်ခြောက်ကပ်တဲ့နိုင်ငံ၊
စည်းမရှိကမ်းမရှိတွေက လာကြီးကျယ်နေသေး..!"

ဒီလိုဝေဖန်လိုက်လို့လည်း ငါ့မြေ ငါ့ရေဆိုသည် မျိုးချစ်စိတ်တွေပေါ်ရမှန်းမသိ။
ဘုရင်ကြီးသည် သူ့ဧကရာဇ်၏ ခါးတွေကိုသာ မလွတ်တမ်းဖက်ထား၍ ပြုံး၍သာနေသည်။

"နိုင်ငံရဲ့မြောက်ဖက်ပိုင်းတွေမှာ ရှိပါတယ်။
မင်းသွားချင်ရင် နောက်ရက်များတော့ ..ကိုယ်တော်လိုက်ပို့ပါ့မယ်."

"နှစ်ညအိပ်ခရီးထွက်ပြီးမှ.. သွားပြီးမှ ရေတစ်ခါကူးရမယ်ဆိုလည်း မေ့လိုက်ပါအဲ့ ကိစ္စ"

"ကိုယ်တော့်ကို စိတ်မညိုညင်ပါနဲ့ ပြည်ထဲကသူတွေက ရေကန်ကသိပ်တန်ခိုးကြီးတယ် ယုံကြည်တာမို့ ကိုယ်တော်် လက်လွှတ်စပယ် လုပ်လို့မရဘူး"

"ရှင်ဘုရင်ဖြစ်ပြီး အာဏာမရှိတာ အံ့စရာပဲ။
အရှင်က ဒီနိုင်ငံရဲ့ အရှင်သခင်ပဲ။
လုပ်ချင်တာလုပ်ခွင့် လေးတော့ရှိသင့်ပါတယ်"

My Simple King Where stories live. Discover now