Unicode
"ကျွန်တော့်နာမည် စိုင်းစက္ကဆိုင်းပါ"
သူ့နာမည်ကြောင့် ဆရာမလည်း မျက်ခုံးပင့်သွားသည်။ သို့သော် ဆရာမကတော့ ထိုအရာကို သိပ်အာရုံစိုက်ပုံမရ။ အားနာနေသည့် လေသံဖြင့်
"သားရယ် ဆရာမတို့ အတန်းမှာ ခုံအလွှတ်ကလည်း နောက်ဆုံးအတန်းက ခုံပဲ ရှိတော့တယ်"
ဆရာမပြောသည့် နောက်ဆုံးခုံမှာ ယောကျာ်းလေး roll မှ နောက်ဆုံး ဖြစ်သည်။ ခုံအားလုံးတွင် သုံးယောက်သာ ထိုင်ရလေသည်။ နောက်ဆုံးခုံတွင်တော့ တစ်ယောက်သာ ရှိလေသည်။
သူ ပြုံးလိုက်ရင်းပင်"ရပါတယ် ဆရာမ သား အဲ့မှာပဲ ထိုင်လိုက်မယ်"
ဆရာမကလည်း
"ဖြစ်ပါ့မလား သားရယ်""ရပါတယ် ဆရာမ"
"အဲ့ဒါဆိုရင်လည်း သားသဘောပါပဲ"
အတင်းကြီး တွန်းအားမပေးတော့သည့် ဆရာမဖြစ်သူကြောင့် သူလည်း နောက်ဆုံးတန်းမှာပဲ ထိုင်လိုက်သည်။ သူ ထိုင်မည်ဖြစ်သောကြောင့်လားမသိ အစ်ကိုကြီးမှာသူ့ ပစ္စည်းများကို သူ့ဘက်ကို ပြန်ကပ်နေလေသည်။
သူလည်း နောက်တန်းကို သွားလိုက်ပြီး အစ်ကိုကြီးဘေးနားတွင် ထိုင်လိုက်သည်။ သူ ကျောပိုးအိတ်ကို ခုံအောက်ထဲ ထည့်လိုက်ပြီး စာအုပ်အသစ်တစ်အုပ်နှင့် စာရေးကိရိယာအချို့ကို ထုတ်လိုက်သည်။ သူ ကြည့်ရသလောက်ကတော့ ပထဝီသင်နေသည် ထင်သည်။ သူ ပထဝီဖတ်စာအုပ်ကိုလည်း ထုတ်လိုက်သည်။ထိုအချိန်မှာပင် လော်စပီကာနှင့် အော်သည့် အသံလိုမျိုးကို ကြားလိုက်ရသည်။
"အတန်းပိုင်များနှင့် အတန်းမှူးများအားလုံး ဆရာမကြီး ရုံးခန်းသို့ လာရောက်ပေးကြပါ"
"အတန်းပိုင်များနှင့် အတန်းမှူးများအားလုံး ဆရာမကြီး ရုံးခန်းသို့ လာရောက်ပေးကြပါ"
ကျောက်သင်ပုန်းတွင် စာရေးနေသော ဆရာမမှာတော့ စိတ်မရှည်သည့်ဟန်ဖြင့် တောက်တစ်ချက် ခေါက်လိုက်သည်။
"အဲ့ဒီ အစည်းအဝေးကလည်း ခေါ်လည်း ခေါ်နိုင်လွန်းတယ် အဲ့လောက် အားယားနေလား မသိဘူး "
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
RandomStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...