""မ""
""ရှင့်...တို့နားထောင်နေတယ်"
"ချစ်လားဟင်...ခင့်ကို"
"အများကြီးချစ်"
"အကူအညီတစ်ခုလောက် တောင်းချင်တယ်"
"ဟင်....ပြောကြည့်လေ"
"တစ်ခုမဟုတ်ဘူး...အများကြီးတောင်းလဲ ရတယ်...စိတ်မဆိုးဘူး""ကလေးတစ်ယောက်ကို ရှာပေး"
"ဘယ်လို...ဘယ်က...ဘယ်သူလဲ...ခင်နဲ့ ဘယ်လိုပတ်သတ်လဲ"
နှင်း စိုးရိမ်သွားသည်..။ခင့်အကြောင်းသူမ မသိသေးတာ တစ်ခုခုများရှိနေသေးသလားဟူ၍။
"အမေးမြန်းထူလိုက်တာ"
""မြရဲ့ ကလေးကို""ဟင်...ဟိုတစ်ယောက်ရဲ့ကလေး""ဟုတ်လား"
"အင်း...ကူညီနိုင်မလားဟင်"
"မကူညီနိုင်ရင်လည်း ခင် ကိုယ့်...."ရှာ...ရှာ..ရှာပေးပါ့မယ်".....အဲဒီအစား...ဘေဘီ မကို တစ်ခုပြန်ပေးရမယ်"
"လုပ်ပြီ...ဘာလဲပြောကြည့်ပေါ့"
"ဟို...ဟိုဟာ...ဟိုဟာလေ...
"ဘယ်ဟာလဲ....ပြောမှာဖြင့်ပြောစမ်း"
"က...ကလေးမွေးပေးလို့.."
"ကြေးမကြီးလွန်းဘူးလား ဒေါ်နှင်းမြသန္တာ"
"ဟင်...ခင်က ကြေးကြီးတယ်ထင်လို့လား"....လူရှာရတာ ဘယ်လောက်ခက်လဲ ဘေဘီမသိပါဘူး"
"ကောင်းပြီလေ.... နှစ်ရက်အတွင်း ခင့်ဆီခေါ်လာပေးနိုင်ရင် မ လိုချင်တဲ့ ဘေဘီသေးသေးလေးမွေးပေးမယ်"
"ဝိုး....ကြိုက်တယ်...စိန်လိုက်လေ ဘေဘီ""...ကတိနော်..."
နှင်းလူလည်ကျသည်ကို ခင် မသိလိုက်ပါ။ မြကလေးဘယ်မှာရှိသလဲသိနေခြင်းသည် ကျောက်မတူးပေမယ့်ကျောက်အောင်သည့် အဖြစ်မျိုးမဟုတ်ပါလား။ နှင်းအတွက် ထိုသို့သောအရာမျိုးက မခက်ခဲ။
""ဟယ်လို...ကျမဆီ ဟိုကလေးကိုနှစ်ရက်အတွင်း ရောက်အောင်ခေါ်ခဲ့ပေးပါ""
""ခြေရာလက်ရာ လုံးဝကျန်ခဲ့လို့ မဖြစ်ဘူးနော်""
==========
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။