"ဟယ်လို" မမကြီး ကျွန်တော်ပါ"
"missionအောင်မြင်စွာပြီးမြှောက်ပါတယ်"
"မနက်ဖြန်ရောက်ပါမယ်"
"Ok...တော်တယ်"
"မနက်ဖြန်မှ တွေ့ကြမယ်"
========
""မမမြ အဲလိုလုပ်လို့မရဘူး""
"ခင် တောင်းပန်ပါတယ်" အေးအေး ချမ်းချမ်းနေလို့ရအောင် ခင်ကူညီပေးမယ်လို့ ပြောနေတာကိုကွယ်"""တစ်ခြားနည်းလမ်းရှိအုံးမှာပါ မြရယ်...တစ်စုံတစ်ခုလွဲချော်သွားရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်"
"ပြောလို့မရလည်း မြသဘောပဲ"
ခင် မြနှင့်ဖုန်းပြောနေသည်မှာ နာရီဝက်ခန့်ပင်ရှိပြီ။ တစ်စုံတစ်ခုကို မလုပ်ဖို့ ဖျောင်းဖျနေပေမယ့် မြက လက်မခံ။ ပြောမရသည့်အဆုံးတွင် ခင် လက်လျှော့လိုက်ရသည်။
""ခင် မြကို အဆုံးရှုံးမခံနိုင်ဘူးကွယ်"
လွန်ခဲ့သည့် ထောင်ထဲရောက်နေစဥ်ကာလများဆီသို့ အတွေးပြန်ရောက်သွားသည်။
""ဟဲ့ ကောင်မလေး...အဲဒါဘာလုပ်တာလဲ....မလုပ်ကောင်းတဲ့ဟာကိုကွယ်"
ပျာတိပျာယာနှင့် ရေချိုးခန်းထဲထမိန်ရင်လျှားနှင့် ပြေးဝင်လာပြီး ရေစိုဝတ်ဖြင့်မျက်နှာကိုပတ်ကာရေကန်ထဲဆင်းပြီး သတ်သေဖို့ကြိုးစားနေသော ခင့်ကို မနိုင်မနင်းဆွဲထုတ်နေသော မြ။
"မင်းကွယ် မလုပ်ကောင်းတာကို ဘာလို့လုပ်ရတာလဲ"
"ကျမ... ကျမ...အသက်မရှင်ချင်တော့လို့ပါ....သေချင်နေလို့ပါ"
"ကျမကို သေခွင့်ပေးကြပါရှင်...""မင်းမှာ ဘာအကြောင်းတွေရှိခဲ့လဲ တို့မသိပေမဲ့... မင်းကို ချောချောလှလှလေးဖြစ်အောင် မွေးထားပေးတဲ့ မင်းမိဘကိုတော့ အားနာသင့်တယ်"
""အသက်နဲ့ရင်းပြီး မွေးပေးထားခဲ့တဲ့ မင်းအမေရဲ့ မိခင်မေတ္တာကိုတော့မင်း မစော်ကားသင့်ဘူး""
"ကျမ တစ်ယောက်တည်းရှင်သန်ရတာ လိပ်ပြာမလုံလို့ပါရှင်"
"လိပ်ပြာမလုံတာများ လိပ်ပြာလုံသွားအောင် စောက်ကြောတင်းတင်းနဲ့ ဘဝကို လှပအောင် ရှင်သန်ကြည့်လိုက်"
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။