《10》

1.4K 42 0
                                    

တဲထိုးပြီးသည့်အခါအပိုင်တို့သုံးဦးပွဲခင်းထဲသို့ဝင်လာခဲ့တယ်
အရီးတို့စျေးရောင်းတဲ့နေရာကိုရှာဖို့ခပ်သွက်သွက်လျှောက်လေတော့
စံမောင်အပြေးလိုက်လာပြီးသူ့လက်ကိုလှမ်းဆွဲတယ်

"မောင့်ကိုစောင့်ဦးမှပေါ့ပိုင်ရာ
မတော်လမ်းပျောက်နေမှဖြင့်"

"ဒီနေရာလောက်လေးကိုလမ်းပျောက်ရအောင်ငါ့ကိုငထူငအများထင်နေတာလား"

"မထင်ပါဘူးကွာမောင်ကစိတ်ပူလို့ပါ"

"တော်! စိတ်ပူနေရအောင်ငါတို့ကဘာဆိုင်လို့လဲ"

အပိုင်လက်ကိုစောင့်ရုန်းပြီးရှေ့ဆက်လျှောက်လိုက်သည်
လူကိုသူ့အပိုင်လိုလာလာဆက်​ဆံနေတယ် ဟမ့်!

စံမောင်သူ့လက်ကိုသူပြန်ကြည့်ပြီးသက်ပြင်းချလိုက်မိတယ်
သူ့ကိုအပိုင်ခါးခါးသီးသီးဖြစ်လည်းဖြစ်ချင်စရာပေ
သူ့မှာအပိုင်နဲ့လိုက်ဖက်တဲ့နေရာဟူ၍မရှိ
အသားကမဲဆွဲဆောင်မှုကလည်းမရှိသည့်အပြင်အကျင့်စရိုက်ကလည်း
မိုက်ရိုင်းရမ်းကားသေးသည်

ဒါပေမဲ့သူအားမလျှော့ပါဘူး
ရာဇဝင်ထဲမှာကျန်ရှိနေတဲ့ မင်းကုသတောင် ပပဝတီလိုအလှနတ်သမီးနဲ့ညားသေးတာဘဲ
သူလည်းအပိုင်နဲ့ညားနိုင်ပါသေးတယ်

သူ့စိတ်ကိုအားတင်းပြီးချိန်မှာအပိုင်ဟာအစရှာမရအောင်ပျောက်သွားလေပြီ
စံမောင်ခင်ဗျာ များပြားလှသည့်လူအုပ်ကြားအချစ်ကိုရှာပုံတော်ဖွင့်ရတော့သည်

အပိုင်ကအရီးတို့ဆိုင်ကိုရှာတွေ့ပြီးလူအုံနေတာမို့ကူလုပ်ပေးနေတာဖြစ်သည်
အရီးရောင်းတဲ့မုန့်က ဘိန်းမုန့် မုန့်ရေပါးနှင့်ခေါက်မုန့်တို့ဖြစ်သည်
အမယ်အနည်းငယ်သာရှိသော်လည်းစားချင်စဖွယ်
အသွင်အပြင်ကြောင့်လူအများစိတ်ဝင်စားကြသည်

ရေနွေးကြမ်းသောက်မုန့်လေးစားရင်းစကားပြောရအောင်
စားပွဲသုံးခုလည်းချထားသေးတာမို့ဟိုရွာဒီရွာကပြန်ဆုံတဲ့အသိတွေ
စကားလက်စုံကြရာနေရာလေးလည်းဖြစ်နေတော့တာပေါ့

လူအနည်းငယ်ရှင်းသွားတော့မှအပိုင်လည်းအရီးရဲ့မုန့်တွေကိုမြည်းစမ်းကြည့်ရတော့သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now