《14》

1.3K 43 0
                                    

အရီးပြန်သွားပြီးသိပ်မကြာဘူး အပိုင်တို့လည်းရွာဦးကျောင်သို့ထွက်လာခဲ့ကြသည်

ရွာဦးကျောင်းရောက်တော့လူအတော်စုံနေပြီး အလုပ်တွေကိုတက်ညီလက်ညီလုပ်ကိုင်နေကြသည်

"ပိုင်မင်းတို့မလာဘူးထင်နေတာ"
ရေစည်တိုက်နေသည့်သိန်းထင်ကလုပ်လက်စကိုရပ်ပြီးအပိုင်တို့ကိုလှမ်းအော်တယ်

"ငါကဒီရွာသားဖြစ်နေပြီဘဲ သေချာပေါက်လာသင့်တာပေါ့ "

"အေးဟုတ်သား ငါ့သူငယ်ချင်ကြီးတောင်ဒီရွာသားဖြစ်သွားပြီဘဲ"

သူတို့စကားပြောနေတုန်းမှာ ဆရာတော့်ကျောင်းကကျောင်းသားလေးသံခဲက
ကျောင်းပေါ်မှပြေးဆင်လာပြီး
"ဆရာတော်ကပုလ္လင်ရွှေ့ဖို့အားကောင်းမောင်းသန်ယောက်ျားသုံးယောက်လောက်လာခဲ့ပါဦးလို့ပြောတယ် "ဟုလာခေါ်တော့သည်

"မောင်အဲ့မှာသွားကူလုပ်ပေးလိုက်မယ်ပိုင် "

"သွားလေ ငါဒီမှာလိုတာပြုတာလုပ်ပေးလိုက်မယ်"

"အင်း ...."

စံမောင်ထွက်သွားပြီးတော့ ချက်ပြုတ်ဖို့ပြင်ဆင်နေကြသူတွေဘက်အပိုင်လျှောက်သွားလိုက်သည်
မုန့်ဟင်းခါးကျွေးမှာဖြစ်သည့်အတွက် ငါးရိုးနွှင်သူကနွှင် ပဲပြုတ်သူကပြုတ် ဂျင်းတွေစပါလင်တွေထောင်းသူကထောင်းနှင့် အချောင်မခိုပဲလစ်လပ်မှုမရှိအောင်လုပ်နေကြသည်

အညာသားတွေလေ ဘယ်သူ့အလျူမဆို အရိုးခံစိတ်ရင်းနဲ့
အားတက်တရောကူညီပေးကြတာ

"အရီးတို့ ကျွန်တော်ဘာကူညီပေးရမတုန်း"

"ဒီမှာတော့မလိုသေးဘူးမောင်ရင်ရေ
မင်းကူချင်ရင်တော့ထင်းခွဲတဲ့ဘက်မှာသွားကူလေ...."

ငါးရိုးနွှင်နေသည့်မိန်းမတစ်ဦးက ထို့သို့ပြောတော့ နောက်မိန်းမတစ်ဦးကမျက်စိမျက်နှာပျက်ပျက်နှင့်
"မယ်ခင် နင်မို့လို့စံမောင်လူကိုခိုင်းရဲတယ်
ဟိုကနင့်လာသတ်လိမ့်မယ်" ဟုစကားစလေသည်

"ကျုပ်ကခိုင်းတာမှမဟုတ်တာ
သူကူချင်ရင်ကူလို့ရတယ်ပြောတာလေ"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now