အပိုင်း(၇)

395 48 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၇)

စနစ်က စာဖတ်ပြသည်။
"ကြက်ဥထမင်းကြော်တစ်ပွဲ၏ဈေးနှုန်းသည် ၁၈၈ ယွမ်ဖြစ်သည်"

ယွမ်ကျိုး
"စနစ်စုတ် မင်းငါ့ကိုလာနောက်နေတာလား"

ယွမ်ကျိုးက ငွေမက်သူ ဖြစ်သည့်တိုင် သမာသမတ်ကျကျ ငွေရှာတတ်သေးသည်။ သို့သော်လည်း သူ ပိုင်ဆိုင်ထားသော စနစ်က သူ့ထက် ငွေပိုမက်နေသည်။

ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ်၏ စားသောက်ဆိုင်က ထည်ဝါသော ပတ်ဝန်းကျင် နှင့် ကောင်းမွန်သော ဝန်ဆောင်မှုကြောင့် ၁၈၈ယွမ် တောင်းခံလျှင် ဖြစ်ထိုက်သေးသည်။

သူ၏သေးနုပ်သော စားသောက်ဆိုင်က မည်ကဲ့သို့သော ဝန်ဆောင်မှုမျိုးကို ထောက်ပံ့ပေးနိုင်မည်နည်း။

စနစ် “ လက်ခံသူ ဆိုင်ရှင်က ချက်ပြုတ်စွမ်းရည်ကို အရင်ဆုံး စမ်းသပ်ကြည့်သင့်ပါတယ်"

စနစ်က အကြံပြုချက် သိပ်ပေးလေ့ မရှိပေ။ ထို့အပြင် ယွမ်ကျိုးက စနစ်မှချီးမြှင့်သော ကြက်ဥထမင်းကြော်ကို စမ်းသပ်ကြော်ကြည့်ပြီး စားကြည့်ချင်သော စိတ်ဆန္ဒ ဖြစ်ပေါ်နေသည်။

ယွမ်ကျိုးက လက်ဆေးဘေစင်နားမှာ ထမင်းပေါင်းအိုးကို တွေ့လိုက်၍  လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်ကာ ကြက်ဥထမင်းကြော် ကြော်ရန် ပြင်ဆင်သည်။ ထမင်းချက်ရန် ပေးထားသော ပေါင်းအိုးက တကယ်ကို ထူးဆန်းသည်။

သာမန်ထမင်းပေါင်းအိုးတွင်
Cook နှင့် Heatမှလွဲ၍ တခြားလုပ်ဆောင်ချက် မပါဝင်ပေ။ ပို‌ကောင်းမွန်သော ထမင်းပေါင်းအိုးတွင် စွပ်ပြုတ် နှင့် အသားပေါင်းနိုင်သော နည်းပညာထည့်သွင်းထားသည်။ စနစ်မှ ပေးအပ်ထားသော ထမင်းပေါင်းအိုးတွင် ကြက်ဥထမင်းကြော်ရန် အသုံးပြုရမည့် ဆန်ပမာဏ နှင့် အပူအချိန် အတိုင်းအဆကိုပင် ‌ထည့်သွင်းထားသည်။

ယွမ်ကျိုးက အံဆွဲထဲမှ ဆန်ကို ထုတ်ယူပြီး ဆေးကြောသည်။ ထို့နောက် ထမင်းပေါင်းအိုးထဲ ထည့်ကာ ကြက်ဥထမင်းကြော်အတွက် အသုံးပြုမည့် ဆန် နှင့်အပူချိန်ရွေးချယ်မှု ခလုတ်ကို နှိပ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Waar verhalen tot leven komen. Ontdek het nu