အပိုင်း(၉၃)

97 14 0
                                    

ယွမ်ကျိုး အပိုင်း(၉၃)

မနေ့ညတုန်းက တစ်ညလုံး အိပ်မက်ဆိုးမက်ခဲ့၍ ယွမ်ကျိုး၏ ခေါင်းအစ ခြေအဆုံး ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားမိသည်။

သူ အိပ်ရာနိုးချိန်တွင် မနက် ၉နာရီရောက်နေပါပြီ။ ယွမ်ကျိုးက အိပ်ရာပေါ်မှာ ပျင်းရိလေးတွဲစွာ မလှုပ်မယှက် လှဲလျောင်းနေသည်။ ယနေ့ မနက်ခင်းတွင် ဆိုင်မဖွင့်ကြောင်း ပုံမှန်ဖောက်သည်များကို အသိပေးထား၍ ကံကောင်းသွားသည်။

ယွမ်ကျိုးက သူ့ကျွမ်းကျင်မှုအသစ်ကို ပိုလေ့ကျင့်ရန် လိုအပ်သေးကြောင်း ရုတ်တရက် တွေးမိသွား၍ အိပ်ရာပေါ်မှ ချက်ချင်းထလိုက်ပြီး  ရေမိုးချိုး သန့်ရှင်းရေး ပြုလုပ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ယွမ်ကျိုးက သူ့ရေစိုနေသော ဆံပင်များကို သုတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။

သူက လေမှုတ်စက် အသုံးပြုရခြင်းကို မနှစ်သက်ပေ။ လေမှုတ်စက်က သူ့ဆံပင်ကို ပျက်စီးစေလိမ့်မည်ဟု ယုံကြည်ထားသည်။ သူ့နက်မှောင်သော သဘာဝ ဆံသားများက အသက်အရွယ်ကို ဆုံးဖြတ်ရန် အကောင်းဆုံးဟု သူ ယုံကြည်သည်။ 

ထို့ကြောင့် ယွမ်ကျိုးက သူ့ဆံပင်များ အသင့်အတင့် ခြောက်သွေ့သည်အထိ ရေသုတ်ပြီး ရေတစ်စက် မကျတော့မှ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူက မီးဖိုချောင် မီးခလုတ်ကို ဖွင့်လိုက်ပြီး မနက်ခင်းတွင် ပုံဖော်ထုဆစ်ခြင်းကို လုပ်ဆောင်မည့် ပါဝင်ပစ္စည်းများကို စတင်ရွေးချယ်သည်။

ယွမ်ကျိုးက မနက်စာအတွက် အစုံလိုက်ကြက်ဥထမင်းကြော် ကြော်ရန် ဆုံးဖြတ်လိုက်သည်။

မနက်စာ စားပြီးနောက် ရေဆေးထားသော မုန်လာဥကို ရေစင်အောင် စစ်ထားပြီး ပုံဖော်ရန် စောင့်ဆိုင်းနေသည်။

သေချာပိတ်ထားသော တွန်းတံခါးကို ငေးကြည့်ပြီး ယွမ်ကျိုးကို မုန်လာဥကို တံခါးအပြင်ဘက် သယ်သွားပြီး အပြင်ဘက်မှာ လေ့ကျင့်ရေး လုပ်ဆောင်မည်ဟု တွေးမိသည်။

တံခါးအပြင်ဘက်မှာ သူ ထိုင်နေကျ နေရာလေး ရှိသည်။

သူက တွန်းတံခါးကို ဖွင့်လိုက်သောအခါ နေရောင်ခြည်က ဆိုင်ထဲသို့ ဖြာလဲ့လာသည်။ ယွမ်ကျိုးက လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာများကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now