2

328 41 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၂

    
"ငါ တုတ်ချောင်းကို ချထားလိုက်ပြီ၊ ငါ့မိန်းမကို မြန်မြန် လွှတ်ပေးပါ" ကျီမိသားစု အကြီးဆုံးသားက သူ့ဇနီးအား အလွန်စိုးရိမ်သည်ဖြစ်သည်။ သူ့မှာ စောင့်ရှောက်ရန် ကလေးတစ်ယောက်ရှိသေးသည်။

    
"ရှင့်မိဘတွေကိုလည်း တုတ်တွေချထားခိုင်းလိုက်" ချူယောင်း လှမ်းကြည့်လိုက်သည်။ သူတို့ လုံးဝမလှုပ်လည်း သူမဂရုမစိုက်ပါ၊ သူမမှာ အချိန်များစွာရှိသည်ဖြစ်သည်။ 

ကျီမိသားစုအကြီးဆုံးသားသည် သူ့မိခင်နှင့် ဖခင်ကို ကြည့်လိုက်သည်။ ဖခင်က ပထွေးဖြစ်ပြီး မိခင်မှာ မိခင်အရင်းဖြစ်သည်။ သူ မိခင်ကို လှမ်းဆွဲပြီး "အမေ, ဘာလိုချင်တာလဲ? အမေ အမေ့မြေးလေးကို မိခင်မရှိစေချင်တာလား?" ဟု ပြောလိုက်သည်။

           
စိတ်ကျေနပ်သည် မဟုတ်သော်လည်း သားအကြီးဆုံးက ဖြစ်စေချင်သည်ဖြစ်၍ မေမေကျီက သူမလက်ကတုတ်ကို ချထားလိုက်ရပြီး ဘေးက ဖေဖေ ကျီကို ပြောလိုက်ရသည်။ "လူအိုကြီး၊ တုတ်ကိုမြန်မြန် ချလိုက်ဦး"

             
လူတိုင်း တုတ်တွေချပြီးမှ ချူယောင်း ကျီချွေးမလက်ကို လွှတ်ပေးလိုက်သည်။ ကျီချွေးမ ဘေးကို မြန်မြန်ဖယ်လိုက်ပြီး နာနေသည်ဖြစ်၍ ညည်းတွားနေသည်။  ကျီမိသားစုအကြီးဆုံးသား ချက်ချင်း အမြန်သွားကြည့်လိုက်ပြီး "ရှင်မ အဆင်ပြေရဲ့လား?" ဟု မေးလိုက်သည်။

             
ကျီချွေးမမှာ နာလွန်း၍ မေ့လဲတော့မလိုပင်ဖြစ်သည် "ဘယ်လို အဆင်ပြေနိုင်မှာလဲ?"ဟု သူမအံကြိတ်ပြီး ပြန်ဖြေလိုက်သည်။

                
ကျီမိသားစုအကြီးဆုံးသားသည် ချူယောင်းအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။ ချူ​ယောင်း သူတို့စိုက်ကြည့်တာကို မထိတ်လန့်ဘဲ အေးဆေးစွာ ခါးဆန့်လိုက်သည်။ "ဘာဖြစ်တာလဲ? ရှင်တို့ ရန်ဖြစ်ချင်လို့လား?" ဟု ချူယောင်းမေးလိုက်သည်။

                
ကျီမိသားစုအကြီးဆုံးသားက "မင်း ဘယ်လိုလုပ်ပြီး မင်းရဲ့ ယောင်းမကို ဒီလို ဆက်ဆံနိုင်ရတာလဲ? " ဟု အော်ပြောလိုက်သည်။

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now