7

222 35 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၇

                    

ချူယောင်း အိမ်မှာ ဆက်နေ၍မရပါ။ ထိုလူများက ယခုထိ အိမ်မှာရှိသေးသောကြောင့် သူမ အိမ်မှာ တစ်ခုခုစားရန် မရှာဖွေနိုင်ချေ။

                             
သူမ ကျေးရွာစျေးသို့သွား၍ အစားအစာအချို့ ဝယ်ချင်သည်။ သို့သော် သူမခန္ဓာကိုယ်က အားနည်းနေ၍ မခံနိုင်ချေ။ သူမရွာထဲသို့ သွားနေရင်း လမ်းဆက်မလျှောက်နိုင်တော့ပေ။

                 
အဖွဲ့ခေါင်းဆောင် သူမကိုမြင်သောအခါ သနား၍ မေးလိုက်သည်။ "သမီး မြို့ထဲ သွားချင်တာလား? သမီး ဦးလေးစက်ဘီးစီးသွားလို့ရတယ်"

                      
ချူယောင်း ခေါင်းသာခါလိုက်သည်။ သူမကိုယ်တိုင်တောင် လမ်းမလျှောက်နိုင်။စက်ဘီးစီးမည်ဆိုလျှင် အားပိုသုံးရမည်ဖြစ်သည်။

                        
"ဒါချူယောင်းမလား? ဒီမှာဘာထိုင်လုပ်နေတာလဲ?" သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ချူယောင်းရှေ့ ရပ်လိုက်သည်။ ချူယောင်း အလွန်ဆာလောင်နေပြီး မျက်လုံးများဝေဝါးနေသောကြောင့် သူမ ဘယ်သူလဲဆိုတာ မသိပါ။

                       
"သမီး အရမ်းဗိုက်ဆာနေလို့မလား?" ချူယောင်း ပြန်မပြောတာမြင်သောအခါ သက်လတ်ပိုင်းအမျိုးသမီး ထပ်ပြောလိုက်သည်။

                            
အဖွဲ့ခေါင်းဆောင်က ဘေးမှာရှိနေသေးသည်ဖြစ်သည်။ "သူမ အဆာလွန်လို့ မေ့လဲသွားတာနေမယ်။ ကျီမိသားစုက တကယ်မကောင်းဘူး"

                             
"ဒါဆို အန်တီအိမ် လိုက်စားလှည့်" သက်လတ်ပိုင်းအမျိုးသမီးက ချူယောင်းကို ကူညီပြီး သူမအိမ်သို့ ခေါ်သွားသည်။

                                 
ချူယောင်းလည်း မငြင်းတော့ပါ။

                                 
အဖွဲ့ခေါင်းဆောင် သက်ပြင်းချလိုက်သည်။ နေ့လည်စာစားချိန်ရောက်တော့မည်ဖြစ်၍ သူ့ဇနီးလည်း အိမ်မှာဟင်းချက်နေလောက်ပြီ ဖြစ်မည်။ သူအိမ်အမြန်ပြန်ပြီး ဇနီးသည်ကို ဟင်းပိုချက်ရန် ပြောရမည်။ အခုချိန်ခါဘယ်သူက ဟင်းအပိုချက်ထားမလဲ? စားဖို့လောက်သာ ချက်ထားပြီး ပိုချက်လေ့မရှိကြပါ။

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now