အခန်း (၉၉)

1K 203 14
                                    

Unicode

ပိုင်ယွင်ရှီကို ကုမ္ပဏီလိုက်ပို့ပြီး​နောက် ယဲဖန်သည် ဝူ​ဟောက်ချန်ကို ရိုက်ကူး​ရေး​နေရာသို့ လိုက်ပို့​ပေးခဲ့သည်။

"ဦး​လေးဖန် ဦး​လေးက ဒီမှာ ဇာတ်ကားရိုက်​တာလား"

ယဲဖန် "ဟုတ်တယ်"

ယဲဖန်​ရောက်လာသည်ကို မြင်​တော့ လက်​ထောက်​လေးသည် သူ့အား ချက်ချင်းနှုတ်ဆက်လာခဲ့သည် "သခင်​လေးယဲ ဒီကို ဘာလာလုပ်တာလဲ။ ဒီ​နေ့ မင်း ရိုက်ကူးရမယ့် ဇာတ်ကွက်မရှိဘူး​လေ"

ယဲဖန်သည် ဝူ​ဟောက်ချန်​ကော်လံစကို ဆွဲလိုက်ပြီး သူ့​ရှေ့သို့ ပို့လိုက်ပြီး "ငါက သူ့ကို အမြင်ကျယ်​အောင် လုပ်​ပေးမလို့ ​ခေါ်လာတာ။ ထန်ဝူရွမ်း ဘယ်မှာလဲ။ မ​ရောက်​သေးဘူးလား။ ဒီ​နေ့ သူလာမယ်လို့ ငါကြားထားတာ"

လက်​ထောက်​လေးက မျက်​မှောင်ကြုတ်လိုက်ပြီး "ဟုတ်တယ်။ ဒါ​ပေမဲ့ သူ့အချိန်မကျ​သေးဘူး​"

"ဒါဆို သူ့ကို ဖုန်းဆက်ပြီး လာခိုင်းလိုက်​လေ" ယဲဖန်က ​ပြောလာသည်။

ယဲဖန့် စကားများ​ကြောင့် လက်​ထောက်​လေးက တွန့်သွား​လေသည်။ ထန်ဝူရွမ်းက အ​ကောင်းဆုံးအမျိုးသားဇာတ်​ဆောင်ဆုရတစ်ဦး ဖြစ်​ပေသည်။ သူ့အချိန်ထဲကမှ ဇာတ်ကွက်တစ်ခု ရိုက်​ကူးပေးခဲ့ပြီး သူတို့အား မျက်နှာသာ​ပေးခဲ့ပြီးသားပင် ဖြစ်သည်။

"ဒါက မသင့်​တော်​လောက်ဘူး ထင်တယ်"

"ဘာလို့တုန်း။ ဒါဆို ငါ အခုပဲ သူ့ကို ဖုန်း​ခေါ်လိုက်မယ်" ယဲဖန်သည် သူ့ဖုန်းကို ထုတ်လိုက်သည်။

လက်​ထောက်​လေးက သူ့ကို တားဖို့ ကြိုးစားခဲ့​​သော်လည်း ဖုန်းက ဝင်သွားခဲ့ပြီ ဖြစ်သည်။

ယဲဖန် ဖုန်းချလိုက်ပြီး​နောက် မကြာခင်မှာပဲ ထန်ဝူရွမ်း ​ရောက်ရှိလာခဲ့သည်။ ထန်ဝူရွမ်းကိုမြင်​တော့ လက်​ထောက်​လေး၏ ​မေးရိုးများ ပြုတ်ကျသွားခဲ့သည်။

ထန်ဝူရွမ်းကို မြင်​တော့ လျန်ရှင်းက မျက်​မှောင်ကြုတ်သွားခဲ့​​ပေမဲ့ "ထန်ဝူရွမ်းကို ဘယ်တုန်းက လွယ်လွယ်​ပြောလို့ရသွားတာလဲ" ယဲဖန် ​ခေါ်လိုက်သည်နှင့် ထန်ဝူရွမ်းသည် တကယ့်ကို အလျင်အမြန်​ရောက်ရှိလာခဲ့​ပေသည်။ ဘာလို့လဲ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now