အခန်း (၁၀၀)

1.2K 228 26
                                    

Unicode

ဝူ​ဟောက်ချန်သည် ပိုင်ယွင်ရှီ​နောက်မှ စင်မြင့်​ပေါ်သို့ လိုက်သွားခဲ့သည်။

ကြိုးများ ချည်ပြီး ခုန်ချလိုက်​ပေမယ့် ကြိုးဟာ ရုတ်တရက် ပြတ်​တောက်သွားခဲ့သည်။ ထို့​နောက် သူသည် အမြင့်မီတာ​ပေါင်းများစွာမှ တိုက်ရိုက်ပြုတ်ကျလာခဲ့၏။ ထိုမြင်ကွင်းကို မြင်​တော့ ခရီးသွားများက ​အော်ဟစ်လာခဲ့ကြသည်။

တစ်ချို့က ​သွေးထွက်သံယိုမြင်ကွင်းကို မ​တွေ့ချင်​တော့တာ​ကြောင့် မျက်လုံးများအုပ်ထားလိုက်ကြ၏။

သူ့ဦး​လေးယဲဖန်က ထို​နေရာတွင် ရှိ​နေမှန်းသိ​သော်လည်း သူ့ခန္ဓာကိုယ်က အလျင်အမြန် ပြုတ်ကျ​နေခဲ့တာ​ကြောင့် ထိတ်လန့်​နေမိ​သေးသည်။

ယဲဖန်သည် စင်မြင်​အောက်မှ ခုန်လွှားပြီး ဝူ​ဟောက်ချန်အား သူ့ရင်ခွင်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

"ကလစ် ..... ကလစ် ....." ဒီနိုင်ငံရှိ လူများက ဓါတ်ပုံ ရိုက်ရသည်ကို သ​ဘောကျကြ၏။ အစားအ​သောက်​ကောင်း​ကောင်း​တွေ မစားခင်တို့၊ ​တောင်ပေါ် မတက်ခင်တို့၊ ​ရေကန်ဘက် ခရီးမသွားခင်တို့တွင် ဓါတ်ပုံများ ရိုက်ကြသည်။ ဒီလို ရင်သပ်ရှု​မောဖွယ်မြင်ကွင်းအတွက်​က​တော့ သူတို့ကို ဓါတ်ပုံရိုက်ကြသည်မှာ ​သေချာ​လေသည်။

"ငါ့တူ​တော်​လေး​ရေ မင်း ဝိတ်ချသင့်​နေပြီ၊ မင်းက အရမ်း​လေးတယ်ကွ" ယဲဖန် ညည်းညူလိုက်၏။

ဝူ​ဟောက်ချန် "လာပါ၊ သားက မဝပါဘူး​နော်၊ ဒါက စံချိန်မီခန္ဓာကိုယ်လို့​ခေါ်တာ"

ယဲဖန် "အဆီ​တွေအပြည့်နဲ့ကို မင်းက စံချိန်မီခန္ဓာကိုယ်လို့ ​ခေါ်တယ် ....."

ဝူ​ဟောက်ချန် "....."

ဝူ​ဟောက်ချန်သည် လက်ခုပ်တီးလိုက်ပြီး "ဦး​လေးဖန် ဒါက စိတ်လှုပ်ရှားဖို့ အရမ်း​ကောင်းတယ်။ သားတို့ ထပ်လုပ်ကြရ​အောင်"

ဒီမြင်ကွင်းကို လူအုပ်ထဲက​နေ မျက်မြင်ခဲ့ရသည့် လင်း​ရှောင်သည် လူအုပ်ကြီးကို တွန်းတိုက်ပြီး ဝူ​ဟောက်ချန်နှင့် ယဲဖန်ဆီသို့ ​ရောက်လာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now