[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 313 8
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၈)။

ဟော့ရှီစစ်ဒီစကားများကိုပြောလာပြီးနောက် လင်ခုံးလုသူ့ကိုထူးဆန်းစွာကြည့်ကာတွေးလိုက်မိသည်: သူအူတိုနေတာများလား။

သို့သော်လည်းဟော့ရှီစစ်၏လေသံမှာချဥ်တူးနေပေမဲ့သူ့ကိုယ်သူအူတိုနေသည်ဟုမထင်ဘဲကန့်ကွက်စွာကောက်ချက်ချလိုက်သည်။

အရင်ဘဝကဇာ့ဂျ်ဘုရင်ကရှေ့တန်းကိုမသွားခဲ့ပေမဲ့သိပ်မကြာခင်မှာမထင်မှတ်ဘဲသေဆုံးသွားခဲ့တာ၊ လုပ်ကြံခံရတာဖြစ်နိုင်တယ်။ ဇာ့ဂျ်ဘုရင်မကိုလုပ်ကြံနိုင်တာကပျားမျိုးနွယ်စုနှင့်ပုရွက်ဆိတ်မျိုးနွယ်စုပဲ။

ဒီတော့စိုးရိမ်တာလုံးဝမနာဘူး။

လင်ခုံးလုသူ့ကိုတစ်ချက်ကြည့်လိုက်ပေမဲ့ပြောလိုက်သည်။
"ကိုယ်​တော်သူ့ကိုခေါ်သွားတာကသစ္စာရှိမှုနဲ့အစွမ်းအစကိုစမ်းသပ်ဖို့ပဲ။"

ဟော့ရှီစစ်မျက်မှောင်ကြုတ်လိုက်မိသည်။ သူနားလည်ပေးနိုင်ပေမဲ့စမ်းသပ်စရာနည်းလမ်းအများကြီးရှိတယ်၊ သူ့ကိုယ်သူအန္တရာယ်ထဲတွန်းပို့ပြီးစမ်းကြည့်စရာမလိုဘူး။

ဒါပေမဲ့သူမပြောနိုင်ခင်လင်ခုံးလုကပြောလာပြန်သည်။
"ဒါနဲ့စကားမစပ် ကိုယ်တော်နန်းတော်ထဲမှာမရှိတုန်း မင်းနဲ့မင်းရဲ့ငယ်သားနှစ်ယောက်.."

"ခဏ​လေး!"
ဟော့ရှီစစ်ရုတ်တရက်ဖြတ်ကာမေးလိုက်သည်။
"ကျွန်တော်ပါအတူလိုက်လို့မရဘူးလား။"

လင်ခုံးလုအံ့အားသင့်သွားချင်ယောင်ဆောင်ကာ:
"မင်းကဓားစာခံဖြစ်ပြီးတော့ဆွေးနွေးညှိနှိုင်းမှုမှာအရေးပါတဲ့ဓားစာခံလေ။ မင်းနန်းတော်ထဲမှာနေခဲ့ရမယ်။ ကိုယ်တော်မင်းကိုရှေ့တန်းကိုခေါ်သွားလို့ မင်းအခွင့်ကောင်းယူပြီးထွက်ပြေးသွားရင် ကိုယ်တော်ကဝါးခြင်းနဲ့ရေအလကားသယ်မိသလိုမဖြစ်သွားဘူးလား။"

ဟော့ရှီစစ်တိတ်ကျသွားပြီးမှအံကြိတ်ကာပြောလိုက်သည်။
"ကျွန်တော်ထွက်မပြေးဘူး။"

သီအန်းနဲ့ချက်စတာကိုရှေ့တန်းကိုခေါ်သွားတာထက်ပိုဆိုးမှာတဲ့လား။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now