[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။

1.2K 285 9
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၂)။

လင်ခုံးလုမျက်နှာကျက်ကိုဆွံ့အစွာမော့ကြည့်လိုက်မိပြန်သည်။ သူနဲ့မာရှယ်လည်းခိုးပြေးလာတယ်ဆိုတာကဘာကိုပြောချင်နာလဲ။ ဒီဇာ့ဂျ်ငယ်လေးပြောတာက....တကယ်အမှန်ပဲလား။

"ဒါပေါ့ကိုယ်တော်ကအလုပ်ကိစ္စအတွက်ဒီရောက်နေတာ။"
သူကိတ်မုန့်ကိုတစ်ခါတည်းအပြီးသတ်ကာသူ့လက်ထဲကအကျန်ကိုပုတ်ပြီးပြောလိုက်သည်။
"ဒါပေမဲ့မင်းထွက်လာတုန်းကကျားလိကိုတစ်ခွန်းမှမပြောခဲ့ဘူး။ သူမမင်းကိုဒေါသထပ်ထွက်နေလောက်ပြီဟုကိုယ်တော်ထင်တယ်။"

သီအန်းတုန်ရီသွားကာတွေးလိုက်မိသည်: အရှင်ပါဒီမှာရှိနေမှန်းကျွန်တော့်အစ်မသိသွားရင်ပိုပြီးတော့တောင်ဒေါသထွက်သွားလောက်တယ်။

"အင်း၊ ကိုယ်တော့်မှာလုပ်စရာရှိသေးလို့မင်းကိုမပြောတော့ဘူး။ ဒီမှာနေ၊ လျှောက်ပြေးမနေနဲ့။"
လင်ခုံးလုပြောပြီးနောက်ထရပ်လိုက်သည်။

သီအန်းကဒါကိုမြင်တော့ခပ်သွက်သွက်ထရပ်ကာမေးလာသည်။
"အရှင်မာရှယ်ဟော့ရှီစစ်ကိုသွားတွေ့မလို့လား။"

လင်ခုံးလုချောင်းအသာဟမ့်ကာ:
"ကလေးတွေကမေးခွန်းတွေသိပ်အများကြီးမမေးနဲ့။"

သီအန်းရင်ထဲမှာရေရွတ်လိုက်မိသည်။ ကျွန်တော်မငယ်ချင်ပါဘူးနော်၊ အရွယ်ရောက်နေပြီရယ်။

တံခါးလက်ကိုင်ဘုပေါ်ကလင်ခုံးလုလက်ကိုမြင်တော့သူခပ်သွက်သွက်ပြောလိုက်မိသည်။
"အရှင်အခုမသွားတာပိုကောင်းမယ်။"

လင်ခုံးလုခေါင်းလှည့်ကာမေးလိုက်သည်။
"ဘာလို့?"

သီအန်းကအလျင်စလိုအနားကပ်ကာအတင်းတုပ်လာသည်။
"သူတို့ဂြိုဟ်ကို​ရောက်ရင်အရေအတွက်ကိုထပ်ရေလိမ့်မယ်လို့ဝမ်းဟောင်ယွိပြောသွားတယ်။ အဲ့အချိန်ကျရင်စစ်အကျဥ်းသားယောင်ဆောင်ထားတဲ့ကျွန်တော်တို့လို့ဇာ့ဂျ်တွေကိုတွေ့သွားတာနဲ့သေချာပေါက်ပြန်ပို့မှာ။"

"အရှင်အခုမာရှယ်ဆီသွားပြီးတော့ဘာလို့ဒုက္ခရှာမှာလဲ။ မသွားခင်စစ်ဆေးမှုကိုဖြတ်ကျော်ပြီးတဲ့အထိစောင့်တာပိုကောင်းတယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now