Part 36(Zawgyi&Unicode)

5.3K 444 9
                                    

[Zawgyi]

Warning 🔞 ...

သေဘာၤက ဆိပ်ကမ်းကို ဆိုက်တော့ ညနေငါးနာရီတောင် ထိုးနေပြီ ... ပုံမှန်ဆို လေးနာရီ သင်္ဘောဆိုက်တာဖြစ်ပေမယ့် ညနေခင်း နှစ်နာရီခွဲလောက်က ရန်တပိုရွာကို သင်္ဘောဆိုက်ပြီး Foreigner တွေ မြေအိုးလုပ်ခြင်းအမှုကို လေ့လာနိုင်ဖို့ ခဏနားကြတာကြောင့် ပုဂံကို သင်္ဘောဆိုက်တာ နောက်ကျသွားခြင်း ... တည်းမယ့် Hotel ကို ခန့်က ကြိုပြီး booking လုပ်ထားပြီးတာကြောင့် သင်္ဘောပေါ်က ဆင်းဆင်းချင်း hotel ကနေ လာကြိုတဲ့ကားကို တွေ့ရသည်။ သင်္ဘောဆိပ်နဲ့ hotel ကို ဘယ်လောက်မှ သွားစရာမလို ... ဟိုတယ်က ပုဂံမြို့သစ်ထဲမှာ ဖြစ်တာကြောင့် ဆိပ်ကမ်းကနေ ၁၀ မိနစ်လောက် ကားမောင်းရင် ရောက်သည်။

ကားရပ်သွားတဲ့အခါ ကြည့်လိုက်တော့ မင်းမြတ်နဲ့ သွေးခန့်တို့ ရောက်နေကြတာက Bagan Sense Hotel ... ပုဂံမှာ နာမည်အကြီးဆုံး Hotel တွေထဲက တစ်ခုမလို့ တည်းခ ဈေးက မခေမှန်းမင်းမြတ်သိသည်။ သွေးခန့်ကို လှည့်ကြည့်တော့လဲ သူ့ကို ပြုံးပြီး ပုခုံးတွန့်ပြသည်။ Hotel ထဲကို ဝင်တော့ ဝင်ဝင်ချင်း ခရီးပန်းလာတာ သက်သာအောင် ထင်သည်။Reception က အစ်မတစ်ယောက်က မန်ကျည်းဖျော်ရည်တိုက်သည်။ ဖျော်ရည်သောက်ပြီးတော့ reception ကို သွေးခန့်က သွားလိုက်ပြီး booking လုပ်ထားတဲ့ နာမည်အတိုင်း ရွတ်ပြကာ check in ဝင်တော့ receptionist က စာရင်းကြည့်ပြီး အခန်းကဒ်ကို ထုတ်ပေးလာသည်။

နှစ်ယောက်လုံး form ဖြည့် မှတ်ပုံတင် ထားခဲ့ပြီးမှ အခန်းဆီကို ထွက်လာလိုက်သည်။ Hotel က သုံးထပ်ဟိုတယ်ကိုမှ အနောက်ထဲကို ရှည်လမျောလိုက် အခန်းဖွဲ့ထားတာမလို့ အောက်ထပ်ကိုပဲ ယူထားသည်။ Reception က ပြောတဲ့ အခန်းရောက်တော့ ပေးလိုက်တဲ့ card လေးနဲ့ ဖွင့်ကာ အခန်းထဲ ဝင်ခဲ့လိုက်သည်။ Superior အခန်းဖြစ်တာကြောင့် အခန်းထဲမှာ တစ်ယောက်အိပ်ခုတင်နှစ်လုံး ၊ ရေချိုးခန်းအိမ်သာတွဲရက် ၊ TV ၊ မှန်တင်ခုံ ၊ ရေခဲသေတ္တာ စသည် စသည် အကုန်အပြည့်အစုံပါပြီးသား ... ပါလာတဲ့ လွယ်အိတ်ကို ကိုယ်စီချရင်း ခရီးပန်းလာတာကြောင့် ခုတင်ပေါ် သွေးခန့်ရော မင်းမြတ်ရော ခြေပစ်လက်ပစ် လှဲလိုက်ကြသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now