1

16.3K 242 12
                                    

Author's Note:
အောက်ဆုံးမှာ အိမ်ပုံ ထည့်ပေးထားပါတယ်။

ပစ္စည်းများကို သိမ်းဆည်းပြီးနောက်
တံမြက်စည်းလှည်း ကြမ်းတိုက်လိုက်ကာ
သန့်ရှင်းရေးလုပ်လိုက်သည်။
သည်နေ့က တိုက်ခန်းပြန်အပ်ရမည့်နေ့ဖြစ်သည်။
တရိပ်ရိပ်တက်လာသော ကုန်ဈေးနှုန်းများနှင့်
ဆန့်ကျင်ဘက်ဆန်စွာ ကျဆင်းလာသော
မိမိဝင်ငွေကြောင့် နေထိုင်စရိတ်မတတ်နိုင်တော့သဖြင့်
လက်ရှိနေနေသော တိုက်ခန်းအား ပြန်အပ်ပြီး
ဈေးသက်သာသည့် နေရာသို့
ပြောင်းရွှေ့‌နေထိုင်ရတော့မည်ဖြစ်သည်။

လုပ်စရာရှိတာလုပ်ပြီးနောက် တိုက်ခန်းပိုင်ရှင်အား
သော့ ပြန်အပ်လိုက်ပြီး ‌ကျေးဇူးတင်ကြောင်း
ပြောကာ ‌ငှားထားသည့် နေရာအသစ်သို့
အငှားယာဉ်ဖြင့်သွားလိုက်သည်။
အိမ်ပြောင်းရွှေ့ရာတွင် သယ်စရာပစ္စည်းကတော့
များများစားစားမရှိပါ။
ယောက်ျားလေးတစ်ယောက်တည်းနေသည်မို့
တစ်ယောက်စာ အိပ်ရာခင်းနှင့် ခေါင်းအုံး၊
အဝတ်အစားအထုပ်ကြီးတစ်ထုပ်နှင့်
ကျန်သည့် တစ်ကိုယ်ရည်သုံး ပစ္စည်းအနည်းသာ။

နေစရာနေရာအသစ်သို့ ရောက်သွားသဖြင့်
ကားပေါ်မှာ အဝတ်ထုပ်ကိုချပြီး
ခြံရှေ့သွားကာ အိမ်ပိုင်ရှင်ကို ဖုန်းဆက်၍
အိမ်ရှေ့တွင်ရောက်နေပြီဖြစ်ကြောင်း
ပြောလေတော့ အိမ်ထဲ၌ စောင့်နေသည့်
အိမ်ပိုင်ရှင်က တံခါးလာဖွင့်ပေးလျက်
နေရာမည့် အခန်းကို လိုက်ပြသည်။

နေစရာ နေရာအသစ်ဟု‌ဆိုသော်လည်း
သာမန်ဆင်ခြေဖုံးရပ်ကွက်ထဲရှိ
ရိုးရိုး အိမ်ဟောင်းဖြစ်သည်။
အသွင်အပြင်ကအစထိုင်းမှိုင်းပြီး ဟောင်းနွမ်းလျက်။
ရိုးရာအိမ်ဟောင်းဖြစ်တာကြောင့်
နေရာကတော့ အတော်အသင့် ကျယ်လေသည်။

အိမ်ရှင်က အိမ်၏ ရေ၊ မီး စသည်ဖြင့်
ရှင်းပြစရာရှိတာတွေ ရှင်းပြသွားပြီးနောက်
ပြန်သွားလေသည်။
ပါလာသည့် ပစ္စည်းများကို အိပ်ခန်းထဲတွင်
နေရာချပြီးနောက် မောမောနှင့်
‌ကြမ်းပြင်ပေါ်လှဲချလိုက်မိတော့သည်။

ကျွန်တော့နာမည်က Yoru..။
တစ်ကိုယ်တည်း ‌တစ်ကောင်ကြွက်သမားဖြစ်ကာ
ဇာတိဖြစ်တဲ့ နယ်မြို့ကနေ ခုလိုမြို့ကြီးကို
ပြောင်းလာတာ ကျောင်းပြီးကတည်းကပင်။
အစကတော့ စားသောက်ဆိုင် မန်နေဂျာ
အလုပ်လုပ်ပြီး အတော်လေး ငွေရွှင်တာကြောင့်
မြို့လယ်ခေါင်မှာ တိုက်ခန်းငှားနေပြီး
ဘဝက အဆင်ပြေခဲ့သည်ပင်။

HOMEWhere stories live. Discover now