2

15.2K 255 17
                                    

"တီ တီ တီ! တီ တီ တီ ! တီ တီ တီ!"

Alarm သံအား လျစ်လျှူရှုပြီး
ဆက်အိပ်ချင်ပါသော်လည်း ဆောက်လုပ်ရေးsiteတွင် အချိန်ပိုင်းအလုပ်ရှိသေးသည်ကြောင့်
မထချင် ထချင်ဖြင့် ထလိုက်ရတော့သည်။

လေးတိလေးပင်ဖြင့် ရေချိုးခန်းရှိရာသို့
ဝင်သွားလိုက်ပြီး သံချေးကိုက်နေသော
ရေပန်းအောက် မတ်တပ်ဝင်ရပ်ကာ
ရေချိုးလိုက်တော့သည်။
ရိုးရိုးအိမ်ဟောင်းတစ်လုံး ဖြစ်တာကြောင့်
ရေချိုးခန်းကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း။
ရေက ကြည်ပြီးသန့်တာကြောင့်
ကံကောင်းသွားသည်။

ရေချိုးခန်း၏ မီးသီးမှ ဖြာကျလာသော
ဝါကျင့်ကျင့်မီးရောင်အောက်တွင်
ရေစိုနေသည့် Yoruခန္ဓာကိုယ်က
ပျားရည်ရောင်သန်းနေတော့သည်။

Yoru က အရပ် ခြောက်ပေ တစ်လက်မခန့်ရှိသည်
ဖြစ်ပြီး ငယ်ငယ်တည်းက လူကောင်ထွားသည်။
ထောင်ထောင်မောင်းမောင်း တောင့်တောင့်ကြီးမို့စားသောက်ဆိုင် မန်နေဂျာဘဝတုန်းက
စားသုံးသူတွေကြား မန်နေဂျာ လူချောဟု
နာမည်ကြီးသည်။ တစ်ခါတစ်ရံ မုန့်ဖိုးများပင်
ရတတ်ပါသေးသည်။

အဲ့သည့်ချိန်တုန်းကတော့ ငွေရွှင်တာကြောင့်
လူငယ်ပီပီ dating app ဘာညာသုံး၊
ကောင်မလေးတွေ၊ ကောင်လေးတွေနှင့်
Dateလုပ်ဖြစ်ပြီး အခြေအနေကောင်းလျှင်
အတူအိပ်ဖြစ်ကြသည်။
ရည်းစားအတည်တကျကတော့ မထားဖြစ်ခဲ့။

ရေပန်းအောက်တွင် ရေချိုးပြီးနောက်
ဘေဇင်ရှေ့တွင် မျက်နှာသစ်လိုက်၏။
ပြီးနောက် ဘေဇင်ကမှန်ကိုကြည့်ရင်း
ပျင်းရိပျင်းတွဲနှင့် သွားတိုက်နေတုန်း
မိမိနောက်မှအဖြူရောင် အရိပ်တစ်ခုက
လျှစ်ခနဲ ဖြတ်ပြေးသွားသည်ကို မှန်ထဲမှတစ်ဆင့်
မြင်လိုက်ရသည်။

အိပ်ချင်စိတ်မပြေသေးလို့ အမြင်မှားတာပါဟုသာ
ကိုယ့်ဘာသာ ဖြည့်တွေးရင်း နှစ်သိမ့်နေရသည်။
သရဲခြောက်လိုက်တာသိပါသော်ငြားလည်း
တမင် မသိချင်ယောင်ဆောင်ကာ
ပေကပ်နေရမှာဖြစ်သည်။
နောက် အလုပ်အဆင်ပြေမှ
တိုက်ခန်းပြန်ငှားမည်ဟုသာ
တေးမှတ်ထားလိုက်တော့သည်။

HOMEWhere stories live. Discover now