CHAPTER 2.3

11.5K 1.6K 38
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ထင်ထားတဲ့အတိုင်းပဲ သူတို့သာ ထိုအကြောင်းကို  အသံတိုးတိုးနဲ့ပဲ  ပြောရဲသည်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတိုင်းဟာ အတန်းထဲက လူတစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းကိုသိသလို သူမမှာလဲ ကျောထောက်နောက်ခံ ရှီးမိသားစုရှိတယ်ဆိုတာကိုလည်း သူတို့က သိကြတယ်။ အဲ့တာကြောင့်မို့လို့ပဲ  ဘယ်သူကမှ သူမကို ရဲရဲတင်းတင်း မစော်ကားရဲကြဘူး။

အတန်းချိန်ရောက်ခဲ့ပြီ။

နန်ရှောင်း၊လင်းစန်းနော့ နဲ့ ကျင့်စစ်းဟန့် တို့သုံး‌ယောက်သား အတူတူ ဝင်လာကြသည်။

မူလ ရှီးနဉ်က နန်ရှောင်း နဲ့ တစ်ခန်းထဲ အတူတူ မကျတဲ့အတွက် သူမဟာ  သူ့အဖေကို သူမအား နန်ရှောင်း ရှိတဲ့အတန်းဆီ ပြောင်းပေးဖို့ တောင်းဆိုခဲ့တာကို သတိရသွားသည်။ သူမ စာအုပ်ဖတ်နေတာကို မြင်တော့ နန်ရှောင်းဟာ သရော်ပြုံးပြုံးကာ သူ့ခုံဆီကို တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

လင်းစန်းနော့ကတော့ သူမရဲ့ဘေးမှ လမ်းလျှောက်လာကာ  သူမရဲ့ စားပွဲခုံနားဖြတ်သွားတဲ့ အချိန်လေးမှာ ခုံပေါ်ကို ပစ္စည်းတစ်ချို့ တင်ကာ ထားသွားသည်။

ကြည့်လိုက်တော့ အဲ့တာတွေက ဒဏ်ရာ လိမ်းဆေးနဲ့ အနာကျက်ဆေးတွေဆိုတာကို ရှီးနဉ် မြင်လိုက်သည်။

သူမ ဒဏ်ရာရသွားတာကို သူသတိထားမိသွားတာဖြစ်မယ်။

ရှီးနဉ် က သူမခေါင်းကို လှည့်လိုက်ပြီး သူ့ကိုကျေးဇူးတင်မလို့ လုပ်တဲ့အခါမှာ လင်းစန်းနော့က သူ့ထိုင်ခုံ‌နေရာဆီသို့ ရောက်သွားပြီပဲ ဖြစ်သည်။

ယခုအချိန်ဟာ တရုတ်စာအချိန်ဖြစ်၏။

တရုတ်စာသင်တဲ့ဆရာက သူတို့ရဲ့အတန်းပိုင်ဆရာဖြစ်ပြီး  သူ့ရဲ့မျိုးရိုးက ယန်မျိုးရိုးပဲဖြစ်သည်။ သူက အသက်၄၀လောက်ရှိပြီ။

သူဝင်လာတော့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ရှီးနဉ် ကို မြင်သွားပြီး မေးလိုက်သည်။

“ရှီးနဉ် ကျန်းမာရေးကောင်းသွားပြီလား”

“ကောင်းသွားပါပြီ ဆရာ”လို့ ရှီးနဉ်ကပြန်ဖြေလိုက်သည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now