CHAPTER 4.1

11K 1.5K 30
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

“......”

သူမ စိတ်ထဲမှာ သူမအလိုရှိရာကို ဘာပဲဖြစ်ဖြစ် ဖုံးကွယ်လို့ မရနိုင်ဘူး။

သူမရဲ့အသိစိတ်ထဲကနေ ရှာဖွေကြည့်ဖို့ ကြိုးစားလိုက်ပြီး နောက်မှာတော့ သူတို့က ဘယ်သူတွေလဲဆိုတာကို သိလိုက်ရသည်။

ထိုကောင်မလေးများက အမှန်တိုင်းပြောရရင်‌တော့ သူမလိုပဲ ယန်းချန်အထက်တန်းကျောင်းကို မိဘအရှိန်အဝါကြောင့် တက်ရောက်နေရတဲ့သူတွေပဲဖြစ်သည်။

သူတို့အားလုံးရဲ့ မိသားစုနောက်ခံစီးပွားရေးအင်အားက ကောင်းမွန်ကြပေမဲ့ သူတို့မှာ လေ့လာသင်ယူနိုင်တဲ့ အရည်အချင်း တစ်စက်ကလေးမှကိုမရှိဘူး။ သူတို့က မဟုတ်တဲ့‌နေရာတွေမှာ ဟိုဟိုဒီဒီ လျှောက်လုပ်ဖို့ပဲသိတယ်။ ရှီးနဉ်ရဲ့ ဦးဆောင်မှု နောက်ကနေလိုက်ပြီး သူတို့က သူများတွေကို အပေါ်စီးကနေဆက်ဆံပြီး ကျောင်းဧရိယာနယ်မြေမှာ ဗိုလ်လုပ်တတ်ကြသေးသည်။

သူတို့သိတာဆိုလို့ ဘယ်လို ဝတ်စားပြင်ဆင်ရမယ်ဆိုတာနဲ့ ရည်းစား ဘယ်လိုထားရမလဲဆိုတာပဲ ရှိတယ်။ သူတို့က အမြင်ကပ်တဲ့သူ ဘယ်သူ့ကိုမဆို အနိုင်ကကျင့်သေးတယ်။ ကျောင်းမှာရှိတဲ့ကျောင်းသူအားလုံးနီးပါးက သူတို့ကို ကြောက်ကြသည်။

မူလရှီးနဉ်က သူတို့အဖွဲ့ကို နာမည်လေးတောင်ပေးလိုက်သေးသည်။

‘နန်ရှောင်းဟို့ယွမ်ဟွေ့’(နန်ရှောင်းကို စပို့ပေးကြသူများကလပ်)   ဆိုပြီးတော့ပေါ့။

......

နန်ရှောင်း အကြောင်းစဉ်းစားကြည့်လိုက်ရင် မူလ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဉာဏ်မရှိလှတဲ့ အချစ်တွေကိုပဲ သူမ တွေးမိတယ်။

“ဘော့စ် ရဲ့ ကျန်းမာရေးက တော်တော်လေးကောင်းလာတာပဲ လက်ကောက်ဝတ်ကို ဖြတ်လိုက်တာကရော အသုံးဝင်သွားတာလားဟင်? ရှောင်းကော ကျဲကိုတွေ့ဖို့ ဆေးရုံကို လာလား??”

အဝါရောင်ဆိုးထားတဲ့ ဆံပင်ကောက်ကောက်လိပ်လိပ်ကလေးကို Ponytailခပ်မြင့်မြင့်စီးထားတဲ့ ကောင်မလေးက မျက်လုံးအဝိုင်းသားလေးနဲ့ လာမေးသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now