Unicode
နေကြာပန်းခင်းကြီးထဲတွင် Taehyungနှင့်ကိုကိုလက်တွဲပြီးလမ်းလျှောက်နေကြသည်။
နေရောင်ခြည်နွေးနွေးအောက်တွင် သူတို့နှစ်ယောက်လုံးအပြုံးတွေကိုယ်စီဖြင့် ပျော်ရွှင်နေခဲ့သည်။ ကိုကိုကTaehyungကိုကြင်နာကြည်နူးစွာပြုံးပြနေသလို Taehyungကလည်းကိုကို့လက်တွေကိုတင်းတင်းဆုပ်ကိုင်ရင်း အတောက်ပဆုံးပြုံးပြနေမိသည်။
ထို့နောက်ရုတ်တရက်ကိုကိုက မြေကြီးအောက်သို့တစ်စုံတစ်ခုကိုငုံ့ကြည့်လိုက်သည့်မလို့
Taehyungလည်းလိုက်ကြည့်တော့မှကလေးလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့လက်တစ်ဖက်စီကိုဆွဲကိုင်ထားသည့်ကလေးငယ်လေး။ အရိပ်တစ်ခုလိုဝါးတားတားနှင့်မလို့ သိပ်တော့မမြင်ရ။ ကိုက်ိုကထိုကလေးလေးကိုကောက်ပွေ့လိုက်ပြီး သူ့နားကနေထွက်သွားသည်။သူလဲကိုကိုနှင့်ကလေးနောက်သို့လိုက်သွားပေမဲ့ ပို၍သာဝေးလာတာကြောင့်ထိတ်လန့်လာသည်။
"ကိုကိုTaeကိုစောင့်အုံး"
သူလှမ်းအော်တော့ကိုကိုက ကလေးကိုပွေ့ချီထားလျက်လှည့်ကြည့်လာသည်။
'ဟင်'
ကို့ကို့ဘေးနားမှာJiminကဘယ်တုန်းကရောက်သွားတာလဲ။ ကိုကိုရယ်Jiminရယ် ကလေးလေးရယ်ကသူ့ကိုပြုံးကြည့်နေကြသည်။
"ဟင့်အင်း...ဟင့်အင်းနော်!!!"
အဲ့လိုမဖြစ်ရဘူးနော်။ သူ့နေရာလေ။ ကိုကိုဘေးကသူဖြစ်ရမှာလေ။ ဘာလို့လဲ?? သူကဘာလို့ကိုကို့နားသွားလို့မရတာလဲ?
"ကိုကို Taeကိုမထားခဲ့ပါနဲ့ ...."
ထို့နောက်ပိုမိုဝေးကွာသွားသည့်ကိုကို့ပုံရိပ်နောက်သို့သာစမ်းတဝါးဝါးပြေးလိုက်ရင်း....
"ကိုကို!!"
နဖူးပြင်မှာချွေးလေးတွေရွှဲစို့နေကာ Taehyungနိုးထလာတော့သည်။ မျက်ဝန်းထဲမှလည်းမျက်ရည်တို့ကကျဆင်းနေလျက် မဖြေဆည်နိုင်အောင်ဖြစ်နေရသည်။ ဘယ်လိုပဲအိမ်မက်လို့ဆိုပါစေအုံး အခုလိုအခြေအနေမျိုးမှာမက်သည့်ဤအိမ်မက်သည်Taehyungနှလုံးသားတစ်ခုလုံးကိုကြေမွကာသေသွားစေနိုင်လောက်သည်။
YOU ARE READING
"𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}
Fanfiction"ကိုယ်သာTaeကိုနည်းနည်းလေးလောက် ပိုနားလည်ပေးခဲ့ရင်..." -Jeon Jungkook "ကျွန်တော်သာအရာအားလုံးထက် ကိုကို့ကိုပိုပြီးဦးစားပေးခဲ့မယ်ဆိုရင်..." -Kim Taehyung ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိတော့တဲ့နောင်တတရားတွေကနေ ကိုယ်တို့တွေကင်းလွတ်ခဲ့ကြမယ်ထင်တယ...