Unicode
ချယ်ရီပွင့်ဖက်တို့ တလွင့်လွင့်ကြွေနေသည့်လှပသောမနက်ခင်းလေးတစ်ခု။ လှပေသော နွေဦးရာသီလေးရဲ့မင်္ဂလာရှိသောနေ့လေးတစ်နေ့။
'Jeon Jungkook & Kim Taehyung'
Churchကျောင်းပရဝဏ်တွင်း ဖိတ်ကြားထားသည့်ခင်ရာမင်ရာဧည့်မိတ်ဆွေအချို့အနည်းငယ်ဟာ ဂုဏ်ကျက်သရေရှိစွာဝတ်စားထားကြရင်းလှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ အကြောင်းကတော့ဒီနေ့ဟာJungkookနှင့် Taehyungရဲ့လက်ထပ်ပွဲနေ့ဖြစ်တာကြောင့်ပင်။
နှစ်ဖက်မိဘတွေသာမက ပတ်ဝန်းကျင်ဆွေမျိုးအသိုင်းအဝိုင်းတွေရော သူငယ်ချင်းမိတ်ဆွေတွေကပါချစ်ခင်ကြည်ဖြူကြခဲ့သည့်သူတို့နှစ်ယောက်ရဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ လက်ထပ်ပွဲကျင်းပရာနေ့။
လက်ထပ်ပွဲလေးစတင်ချိန်မှာတော့ Jungkookကဖာသာရှေ့တွင်အဆင်သင့်နေရာယူပြီးလျက် လျှောက်လမ်းပေါ်မှသူ့ဆီသို့ရောက်လာမည့်နှလုံးသားငယ်ကလေးကိုရင်ခုန်စွာစောင့်မျှော်သည်။
ချိုမြိန်သောစန္ဒယားသံလေးစတင်ပေါ်ထွက်လာချိန်တွင် အစ်ကိုဖြစ်သူNamjoon hyungရဲ့လက်မောင်းလေးကိုချိတ်ကာသူ့ဆီသို့လျှောက်လာပြီဖြစ်သည့်Tae...
သတို့သားဝတ်စုံဖြူဖြူကလေးနှင့် နေရောင်အောက်တွင်ချောမောကျော့်ရှင်းနေသည့်သူ့ရဲ့Tae။ ခြေလှမ်းတစ်လှမ်းချင်းစီဟာ မနှေးမမြန်လေးဖြင့် သူ့ဆီလျှောက်လမ်းလာပုံဟာ ဗျိုင်းငှက်ဖြူကလေးကနေသလိုပင်။
အနားသို့ရောက်လာတော့ ကလေးငယ်ကစိတ်လှုပ်ရှားစွာသူ့အားကြည့်လာသည်။ Namjoon hyungကသူ့လက်ထဲသို့ Taeလက်ကလေးကိုအသာထည့်ပေးကာ
"စိတ်ချမယ်နော်Jungkook ... ငါတို့အငယ်လေး မျက်ရည်တစ်စက်ကျရင်မင်းကိုငါကိုယ်တိုင်သတ်မှာ သိတယ်နော်"
Namjoonရဲ့ စနောက်သလိုပြောဆိုလာသည့်ခြိမ်းခြောက်စကားသံကို သူသဘောကျစွာပြုံးလိုက်ရင်းTaehyungလက်လေးတွေကိုဆုပ်ကိုင်သည်။
"စိတ်ချပါယောက်ဖ Taeကိုကျွန်တော်ဘဝတစ်ခုလုံးနဲ့ရင်းပြီးပျော်အောင်ထားပါ့မယ်"
ဤသို့ဖြင့်မင်္ဂလာပွဲပြီးတော့ ဟိုတယ်တစ်ခုမှာWedding dinner partyကိုသူငယ်ချင်းတွေနဲ့ကဲကြသည်။ ဟန်းနီးမွန်းကမနက်ဖြန်မှဂျယ်ဂျူကိုသွားမည်ဖြစ်တာကြောင့် ဒီတစ်ညကိုဟိုတယ်မှာပဲတည်းကြမည်ဖြစ်သည်။
YOU ARE READING
"𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}
Fanfiction"ကိုယ်သာTaeကိုနည်းနည်းလေးလောက် ပိုနားလည်ပေးခဲ့ရင်..." -Jeon Jungkook "ကျွန်တော်သာအရာအားလုံးထက် ကိုကို့ကိုပိုပြီးဦးစားပေးခဲ့မယ်ဆိုရင်..." -Kim Taehyung ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိတော့တဲ့နောင်တတရားတွေကနေ ကိုယ်တို့တွေကင်းလွတ်ခဲ့ကြမယ်ထင်တယ...