𝖳/𝖭

23K 641 24
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ဘာသာပြန်တဲ့သူတစ်ယောက်အနေနဲ့ ဒီ ဘာသာပြန်ဝတ္ထုနဲ့ ပတ်သက်ပြီး ပြောပြချင်တာတွေက ရှိနေတာမလို့ စာတော့ ရှည်ပါ့မယ်။

- အစကတည်းက ဒီ novel ရဲ့ titleကိုက "Mary Sue ဇာတ်ကောင်အဖြစ်ကူးပြောင်းလာခြင်း" မို့ ဘယ်နေရာမဆို သူများတွေထက် အများကြီးသာနေပြီး ဝိုင်းအုံချစ် Mary Sue ဆန်ဆန် storyline မျိုး ဖြစ်ပြီး MLအကုန်လုံးက ကိုယ်တွေ MC ကို ဝိုင်းကြိုက်ကြတဲ့ပုံစံမျိုးကို လက်ခံနိုင်မှပဲ ဆက်ဖတ်စေချင်ပါတယ်။

['Mary Sue ဆိုတာ ဘာလဲ?' မသိတဲ့သူအတွက်ပါ တခါတည်း ထည့်ရှင်းပြပါ့မယ်။ Mary Sue ဇာတ်ကောင်ဆိုတာဟာ ဝတ္ထုတစ်ပုဒ်မှာ ဘယ်နေရာမှာမဆို သူများတွေထက် အစစအရာရာ သာပြီး ဘုရားသခင်က လက်ဆောင်ပေးသနားခြင်း ခံထားရတဲ့အတိုင်း ခက်ခဲလှပါချည်ရဲ့ဆိုတဲ့အရာမျိုးတွေ ဘာပဲလုပ်လုပ် အောင်မြင်ထွန်းပေါက်လွယ်ပြီး ကြိုးစားအားထုတ်နေစရာမလိုပါဘဲနဲ့ အားလုံးရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရတဲ့ အမျိုးသမီးဇာတ်ကောင်၊ တစ်နည်းပြောရရင် စာရေးဆရာ/ဆရာမတွေရဲ့ ပစားပေးခံရတဲ့ အချစ်တော် ဇာတ်လိုက်ပေါ့။ ဒီလို ဇာတ်ကောင်တွေကို အဲ့ ဝတ္ထုရဲ့ အရေးပါတဲ့ ဇာတ်ဆောင်တွေ ဇာတ်လိုက်တွေကအစ အရံဇာတ်ကောင်တွေကအဆုံး ဝိုင်းကြိုက်ကြတယ်။ အရမ်းဆွဲဆောင်မှုရှိပြီး အားနည်းချက်၊ပြစ်ချက်ဆိုတာမျိုးမရှိ လက်တွေ့မကျလောက်အောင် စိတ်ကူးယဉ်တအားဆန်လွန်းတဲ့ op ဆန်ဆန် ဇာတ်ကောင်မျိုးပေါ့။ ]
FYI :အဲ့လိုဇာတ်ကောင်တွေကို မိန်းကလေးဆိုရင် Mary Sue ၊ ယောက်ျားလေးဆို Jack Sue လို့ ခေါ်ပါတယ်။

- ဒါကြောင့် အဲ့ဒီလို plotline မကြိုက်ဘူးဆိုရင် Don't say anything negative about the characters, just skip my translation~ Thank you 🤎

- ဒီ novel မှာတော့ school life ဆိုတာ "ကျောင်းနေပျော်၍ စာတော်ရမည်" ဆိုတဲ့ စကားကို အခြေခံထားသလားလို့ အောက်မေ့ရလောက်အောင် ဇာတ်လမ်းတစ်ဝက်နီးပါး စာလုပ်နေကြတဲ့ ဇာတ်ကောင်များနဲ့ တွေ့ရပါ့မယ်။ MC ရော MLက hyper ဖြစ်နေပြီး စာပဲ လုပ်ကြမှာမလို့ novel လာဖတ်တဲ့ သဲတို့ကို စာလုပ်ဖို့ မိုတီပေးနေတယ်ပဲသဘောထားလိုက်ပါ fighting :')

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now