Extra 4

4.5K 307 12
                                    

"ဒီက Choi Zuuလားမသိဘူး'

မင်ဆောင်းကော်ဖီဆိုင်ရောက်တော့
ထောင့်ဝိုင်းကကောင်မလေးကလက်လှမ်းပြ
တာကြောင့်သူတွေ့ရမယ့်သူဆိုတာသိကာ
ထိုဝိုင်းသို့တန်းသွားလိုက်သည်

"ဟုတ်ကဲ့ညီမပါ ဇူလို့ခေါ်ပါ'

"တွေ့ရတာ၀မ်းသာပါတယ်အကိုက
မင်ဆောင်းပါ'

"အကိုကဓာတ်ပုံထဲမှာထက်ပိုချောတယ်နော်
တကယ်ခန့်ချောကြီးပဲ'

"အာအဲ့လောက်မဟုတ်ပါဘူးဗျာ'

"အကိုဘာစားဦးမလဲ'

"ရတယ်ကော်ဖီပဲသောက်မယ်
အကိုကရပါတယ် ညီမကောမှာပြီးပြီလား'

"ဟုတ်မှာထားတယ်'

နှစ်ယောက်သား‌ရောက်တတ်ရာရာတွေ
ပြောနေမိတော့သည်

"အကို့ကိုညီမသဘောကျတယ်'

ရုတ်တရက်ကြီးဒဲ့တိုးပြောချလိုက်တဲ့
ဇူကြောင့် မင်ဆောင်းမှာဘာလုပ်လို့
လုပ်ရမှန်းလည်းမသိရည်းစားလည်းမထားဖူး
သခင်လေးဆီကအရေးထားမှုပြန်လိုချင်လို့သာ
လာတွေ့နေတာ လူကဘာမှပြန်မဖြေမိ
ရှက်သလိုလိုသာလည်ပင်းကိုလက်နဲ့အခါခါ
ပွတ်နေမိတော့တယ်

"Baby'

"ဟင် သခင်လေး'

"Babyကဒီကိုရောက်နေတာကို'

သခင်လေးကဆိုင်ထဲကိုခပ်ပြုံးပြုံး
၀င်လာပြီးသူ့ဘေးနား၀င်ထိုင်ကာ
Babyတွေချည်းသူ့ကိုခေါ်နေတာကြောင့်
မင်ဆောင်းသူ့နားသူတောင်မယုံနိုင်
သူပြဿနာမီးအကြီးကြီးမွှေးမိသွားတာလား

"Baby?သခင်လေး? ဘာတွေလဲ'

"အခုမင်းပြောနေတဲ့ကောင်လေးက
ငါ့ဟာငါ့အပိုင် မင်းပါးငါ့လူယုံတွေ
ဆော်တာမခံချင်ရင် ဂျောင်းတော့'

Vgukကခပ်ပြုံးပြုံးသာ
အနောက်ကိုမေးငေါ့ပြကာသူခေါ်လာတဲ့
ကိုယ်ရံတော်တွေကိုပြတော့ဇူဆိုတဲ့
ကောင်မလေးမှာမင်ဆောင်းကိုဘာမှ
တောင်မပြောတော့ပဲတန်းထပြန်သွားတော့သည်

"ပထမဆုံးကြင်ဖက်တွေ့ရတာဆိုတော့
ပျော်နေမှာပဲနော် မင်ဆောင်းက?'

ကားထဲသူ့ကိုဆွဲခေါ်လာပြီး
သွေးအေးစွာပြောလာတဲ့သခင်လေး
ကြောက်နေပေမယ့်တော်ပါသေးတယ်
သခငိလေးသူ့ကိုပြန်အရေးလုပ်လာလို့

095 [𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Tempat cerita menjadi hidup. Temukan sekarang