Part 1

32.7K 138 8
                                    

🤕လိုအပ်ချက်က များလွန်းလှတာမို့ သည်းခံပေးကြပါနော်🤕

မှောင်မည်းနေသော အခန်းသည် တံခါးဖွင့်လိုက်သည်နှင့် ထိန်ထိန်လင်းလို့သွားသည်။ကြမ်ပြင်၊မွေ့ယာနှင့် ပရိဘောကပစ္စည်းအားလုံးသည် အမည်းရောင်းချည်းဖြစ်နေတာမို့ စေလိုရာ ရင်ထဲထိတ်ခနဲပင်ဖြစ်သွားသည်။

ကောက်ရိုးဖိနပ်ကို စီး၍ ခါးတွင်နွမ်းလျနေသောချည်သားစအပိုင်းကို ဝတ်ထားသည်။ မွေ့ရာထက်မှာ ချည်ကြိုးလျော့နေသည့် ညအိပ်ဝတ်စုံဖြင့် ခေါင်းအုံးကိုကျောမှီကာထိုင်နေသော ဖရင့်သည် လက်ပြကာအနားသို့ ခေါ်၏။

"အကိုလေး ကျွန်တော့ကို ခေါ်တယ်ဆိုလို့ပါ"

ကိုယ်ကိုကျို့လို့ မွေ့ယာချေရင်းတွင် ကြောက်လန့်စွာရပ်နေသောကြောင့် ဖရင့်သည် နီးကပ်အောင် အနားသို့တိုးသွားလိုက်သည်။ဒီလို ကြောက်ကြောက်လန့်လန့်ပုံစံမျိုးတွေဆိုရင် ဖရင့်က ဆုံးမပေးရတာ သဘောကျတယ်။

"ငါ့ရှေ့မှာဒူးထောက်လိုက်စမ်း ပြီးရင်ခေါင်းကိုမော့ အောက်ကိုငုံ့မထားနဲ့"

လေသံမာမာနှင့်ဆိုသောကြောင့် စေလို့ရာ မျက်ရည်များပင် ဝိုင်းလို့လာသည်။အိမ်ကြီးရဲ့အရှင်သခင်ဖြစ်တာမို့ မည်မျှပင်ရက်စက်စေကာမှု လိုက်လျော့ဖို့အသင့်ဖြစ်နေရမှာမို့ ဒူးထောက်ချကာခေါင်းကိုမော့လိုက်သည် ။သို့သော် အရှိန်အဝါပြင်းလှသော ဖရင့်ရဲ့ တော်ဝန်မျက်နှာကိုတော့ စေလိုရာမမော်ဖူးရဲပါ။

"ဖြန်း ! !"

"အ့! "

"အခုကစပြီး ကျွန်တစ်ယောက်က သခင်တစ်ယောက်ကို ဘယ်လိုပြုစုရမလဲဆိုတာ သင်ပေးမှာမို့ ငါကိုသခင်လို့ခေါ် မင့်စောက်ပါးစပ်ကနေ အကိုလေးလို့ထွက်လာကြည့် ငါ့ရဲ့အကြောင်းသိမယ်"

ပြင်းထန်သောရိုက်ချက်ကြောင့် နီရဲသွားသော်မျက်နှာကို စေလိုရာ မထိရဲပေ။ဒူးထောက်၍ သာလက်နှစ်ဖက်ကို နောက်သို့အသာပြစ်ထားရသည်။ဤသို့သောနာကျင်မှုများက ကျွန်တွေအဖို့ရိုးကျေနေပြီ ဖြစ်လို့ သခင်စိတ်ကျေနပ်စေဖို့သာ စေလိုရာ နှလုံးသွင်းထားရသည်။

လိင်ကျွန် ( +21❗ warning )Where stories live. Discover now