Part3

10.5K 89 2
                                    

"ဒိုင်း ဒိုင်း"

အသက်ငင်နေသော အရှုံးသမားကျွန်ရဲ့ ခေါင်းအားပစ္စတိုနှင့် နှစ်ချက်ဆင့်ပစ်ကာ အဆုံးသတ်ပေးလိုက်သည်။သင်းကွဲ ဝံပုလွေတစ်ကောင်ရဲ့ ဒေါသကြီးစွာ ကိုက်ဖြတ်ထားမှုကြောင့် လည်ပင်းနှင်ရင်ဘက်တွင် သွေးများအိုင်၍ အသားစများပင်ပွင့်ထွက်နေသည်။ငြိမ်သက်သွားပြီဖြစ်သော လူမည်းကျွန်တစ်‌ယောက်ရဲ့ဘေးတွင် ဖရင့်ရဲ့ သေနတ်ချက်ဖြင့်သေနေသော ဝံပုလွေရှိ၏။

အုပ်ထုပ်ကို ဆောင်းလိုက်ပြီး အိမ်ပြန်ဖို့အတွက် မြင်းပေါ်တက်ခါ ထွက်လာခဲ့သည်။နေ့လည်ခင်းဖြစ်သော်ငြား တောအုပ်ကြီးသည် အလင်းရောက်ကျရောက်ခြင်းမရှိပါပဲမှောင်မည်းလို့နေသည်။ပန်းခြံထဲမှာ ဝိုင်သောက်‌ေနရမယ့်အစား အမဲလိုက်ထွက်ရတာကို ပို၍သဘောကျသည်။ဖရင့်ရဲ့ သေနတ်အောက်မှာ ကျရှုံးသွားတဲ့ အရိုင်းအစိုင်းတောကောင်တွေကို အပေါ်ကနေငုံ့ပြီးကြည့်ရတဲ့ ခံစားချက်က အတော်မိုက်သည်ဟုထင်သည်။

အရှိန်ပြင်းစွာခုန်ပေါက်နေသော မြင်းသည်ကြမ်းတမ်းသော လမ်းအသွယ်သွယ်ကို သွက်လက်စွာဖြတ်ကျော်ပြီး အိမ်ရဲ့အရှေ့တွင်ဖရင့်က ဇက်သတ်လိုက်တာကြောင့်ခေါင်းကို မော့ ခြေကိုမြှောက်ကာ အသံအကျယ်ကြီးဟီး ၍ ရပ်သွားသည်။

အိမ်ရှေ့လှည်းပေါ်‌တွင် သယ်ဆောင်လာသော ရေနံစည်ပိုင်းများကို ကျွန်များသည် အောက်သို့ချနေကြသည်။ဘေးကနေ ကြည့်ပြီး ဟိုရွေ့ဒီရွေ့ စီမံနေသော အိမ်တော်ထိန်းဖြစ်သူ မလက်ကာ သည်ဖရင့်လာတာကိုမြင်သည်နှင့် အမြန်လာပြီး ခရီးဦးကြိုပြုသည်။

"မလက်ကာ လူအသစ်တစ်ယောက်ကို လေ့ကျင့်ပေးထားလိုက် ‌ဟိုကျွန်ကောင် ရှုံးသွားပြီ ပြီးရင်အခန်းထဲကို စေလိုရာကိုလွှတ်လိုက်"

"ဟုတ်ကဲ့ပါသခင်"

အဝေးတစ်နေရာကနေ ချစ်သူပြန်အလာကိုစောင့်မျှော်နေသော ကျွန်မလေးသည် ဖရင့်ရဲ့စကားကို ကြားသည်နှင့် ငိုယိုပြီး နောက်ဘေးသို့ပြေးထွက်သွားသည်။ဖရင့်ကတော့ အပေါ်ထပ်သို့တက်သွားပြီးရေချိုးဖို့ပြင်‌ပေလိမ့်မည်။မလကာကတော့ ကျွန်များကိုဆက်လက်၍ ဆူပူနေသည်။

လိင်ကျွန် ( +21❗ warning )Where stories live. Discover now