အပိုင္း - 2

517 90 17
                                    

Who Doesn’t Like a Sweet Little Alpha?《小甜A谁不喜欢呢》

စာရေးသူ - 最爱梅子酒
ဘာသာပြန် - Chi Rou De Tu Tu { Satt_Shan }

ချိုမြိန်တဲ့Alphaလေးကို ဘယ်သူကသဘောမကျဘဲနေမှာလဲ!

~ ~ ~ ~ ~ ~ ~

စူးယွီကျူံးသူ့နှာခေါင်းထိပ်ကို လက်ညိုးနဲ့အနည်းငယ်ပွတ်လိုက်တယ်။

Rut ဖြစ်မယ့်အချိန် နီးကပ်လာလို့  ထင်ပါရဲ့  ဒီအတောအတွင်းမှာ သူရဲ့ ဖယ်ရိုးမုန်းတွေကမတည်မငြိမ် ဖြစ်လို့နေလေတယ်။ မကြာခဏကိုဘဲ ဖယ်ရိုးမုန်းတွေကို  အလိုအလျောက်ထုတ်လွှတ်မိနေတက်တယ်။ သူကိုယ်တိုင်လဲ ဒါကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို သင်လို့မတတ်ပေ။

တခြားAlphaတွေမပြောနဲ့ အိမ်ကသူ့အမေကတောင် သူ့ကိုကြည့်မရဘူး။ စူးယွီကျုံးသက်ပြင်းချရင်း ခါးကိုင်းကာ ခုံတန်းလျားအောက်ခြေကိုငုံကြည့်လိုက်တယ်။ ခုံရဲ့အောက်ခြေမှာ တစ်လက်လက်တောက်ပနေတဲ့ ပစ္စည်းအသေးလေးတစ်ခုက ငြိမ်သက်စွာနဲ့လဲလျောင်းလို့နေတယ်။

သူလက်ကိုဆန့်ထုတ်လိုက်ပြီးတော့ ထိုပစ္စည်းအသေးလေးကိုကောက်ယူကာ လက်ဖဝါးထဲထည့်ပြီး ကြည့်ကြည့်လိုက်တယ်။

ထိုအရာလေးကရေစက်ပုံသဏ္ဍာန် ဆွဲသီးလေးတစ်ခုဖြစ်ပြီးတော့ မျက်နှာပြင်ကို ချောမွေ့နေအောင်သွေးထားတာကြောင့် တောက်ပလို့နေတယ်။ ခပ်ဖျော့ဖျော့ အပြာရောင်ထဲမှာမှ စူးရှနေတဲ့အလင်းစက်လေးတွေက ထိုးထွက်ကာတောက်ပလို့နေတယ်။

ညအချိန် ကြယ်ပွင့်တွေနဲ့တလက်လက်တောက်ပနေတဲ့ ကောင်းကင်ကြီးလိုပဲ။ အရမ်းလှတယ်။
တစ်ချက်ကြည့်ရုံနဲ့တင် တန်ဖိုးကြီးတဲ့အရာမှန်းသိသာလွန်းလှတယ်။

စူးယွီကျုံး နေရာမှအမြန်ထရပ်ပြီး ထိုလူကြီးဆီပြန်ပေးဖို့လိုက်သွားချင်သော်လည်း ---

“ စူးယွီကျုံး အလှည့်ရောက်ပြီ။ “

သူနာပြုက အခန်းဝကနေ လှမ်းခေါ်တဲ့အသံထွက်လာခဲ့တယ်။ နေရာမှာမလှုပ်ရှားပဲကြောင်ရပ်နေတဲ့ သူ့ကို သူနာပြုကထပ်ပြီးလှုံဆော်လိုက်တယ်။ “ ဘာကိစ္စငေးနေသေးတာတုန်း။မြန်မြန်ဝင်လာလေ။ “

စူးယွီကျုံးသူမကိုကြည့်လိုက်တယ်။ နောက်ပြီး စင်္ကြန်လမ်းအဆုံးဘက်ကို တုန့်ဆိုင်းစွာနဲ့တစ်ချက်ပြန်ကြည့်လိုက်တယ်။ ထိုသူရဲ့ပုံရိပ်ဟာဓာတ်လှေကားထဲသို့ဝင်ရောက်ကာ မြင်ကွင်းရှေ့ကနေပျောက်ကွယ်လို့သွားတယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now