အပိုင်း-၃.၁

380 65 4
                                    


S Hotel လေဟာပြင်partyပွဲ ၊

မြူးထူးတတ်ကြွနေတဲ့ သီချင်းသံတွေကြားထဲမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် ရေကူးကန်ထဲကိုဒိုင်ပင်ထိုးခုန်ချနေကြသလို ဘေးပတ်ဝန်းမှာလည်းမြူးကြွတဲ့ အားပေးအားမြောက်ပြုသံတွေနဲ့ဆူညံလို့နေတယ်။

ရေကူးကန်နဲ့ သိပ်မဝေးလှတဲ့နေရာမှာရှိတဲ့ ဥယျာဉ်ထဲမှာတော့သီချင်းသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနှင့်ပင်။ ညနေခင်းပွဲတတ်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး,အမျိုးသားအချို့က စုံတွဲအကအတွက် အကကြမ်းပြင်အတွင်းသို့ဝင်ရောက်စပြုနေလေပြီ။

သံသယဝင်စရာမလိုအောင်ကို အဆင်ပြေနေတဲ့ တွေ့ဆုံပွဲလေးတစ်ခုဖြစ်နေတာအသေအချာပင်။လူတိုင်းက ဒီလိုသာယာလှပအခြေအနေလေးမှာ ယစ်မူးပျော်ဝင်လို့နေတယ်။

သေချာပေါက်ကို ထိုလူတွေထဲမှာ စု့ချင်းတစ်ယောက်ပါဝင်မနေပေ။

ဒီအခြေအနေမျိုးမှာ သူကလက်ထဲမှာရှိတဲ့ဝိုင်ခွက်ကိုကစားရင်း Alphaတွေဝိုင်းထားတဲ့အလယ်မှာ ပုံစံမပျက်ရှိလို့နေတယ်။

" ဥက္ကဌစု့က တကယ်ကိုငယ်လဲငယ်,တော်လဲတော်တဲ့သူတစ်ယောက်ပဲဗျာ။ "

" ဟုတ်ပါ့ဗျာ။ ဟုတ်ပါ့။ ဥက္ကဌစု့ရဲ့အကြောင်းတွေကိုကြားဖူးနေတာကြာပြီ။ ဒီနေ့လိုမျိုးလူလိုက်အပြင်မှာတွေ့ရတာ တကယ်ကိုကံကောင်းတယ်လို့ဆိုရမှာပဲဗျာ။ သေချာပေါက် ဥက္ကဌစု့နဲ့အတူ နှစ်ခွက်လောက်သောက်ရမယ်ဗျို့။ "

စု့ချင်း၊ စု့အဖွဲ့အစည်းရဲ့ ဥက္ကဌ ။

သုံးနှစ်သာ တာဝန်ယူရသေးသော်လည်း ဒေဝါလီခံ ,ခံရနီးနီးဖြစ်နေတဲ့ စု့Companyအတော်များများကိုပြန်နလန်ထူအောင်လုပ်နိုင်ခဲ့တဲ့အပြင် နောက်တစ်ကြိမ်ပြန်လည်ပြီး ထိပ်သီးအဖွဲ့အစည်းအဖြစ် အောင်မြင်လာအောင် လုပ်ဆောင်နိုင်ခဲ့ကာ လူအများအားကျရတဲ့ဖြစ်တည်မှုတစ်ခု အဖြစ် ဖြစ်လာခဲ့တယ်။

သူဖန်တီးထားတဲ့ ဒဏ္ဍာရီလာစီးပွားရေးဈေးကွက်ပလန်တွေ၊ သူရဲ့ပြည့်ဝလှတဲ့ အတွေးအခေါ်နဲ့စွမ်းဆောင်ရည်တွေ။ ခန့်ညားချောမောလွန်းတဲ့ ရုပ်ရည်နဲ့ Prince Charming ကဲ့သို့သောအသွင်အပြင်၊ နောက်ဆုံးမြင့်မားလှတဲ့အရပ်နဲ့ အချိုးကျလှတဲ့ ခန္ဓာကိုယ်တို့ကြောင့် ပုံမှန်ဆိုသလိုပင် လူအများစုက သူရဲ့ လိင်အမျိုးအစားကို မေ့မေ့သွားတတ်ကြသည်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now