P-27

1.2K 89 2
                                    

"အိုမားရေ အိုမားသားတို့ပြန်ရောက်ပြီ"

ငါးနာရီလောက်မှာအိမ်သို့ပြန်
ရောက်ခဲ့သည်

ဂျောင်ဂုကအိုမားကိုလှမ်းခေါ်ပြီး
အိတ်တွေသယ်နေသည်

ဂျီမင်းကလည်းဝိုင်းသယ်ကာ

"သားတို့ပြန်လာကြပြီ
အပါးရေရှင်သားတွေပြန်ရောက်ပြီဟေ့"

ဂျီမင်းကအိတ်လေးတွေသယ်ပြီး
အန်တီနားရောက်သွားတော့

"သား ဂျီမင်းလေးအမလေးကြည့်ပါအုံး
ငါ့သားပိန်သွားသလားလို့"

"ပိန်သွားလို့လားဗျ"

"ပိန်သွားတာပေါ့ကွယ်ကြည့်ပါအုံး
မျက်နှာလေးတွေ"

ဂျောင်ဂုကဂျီမင်းအနားမှာ
လာရပ်ကာ

"ဂျောင်ဂုလေးရောပဲ
ဘယ်လိုဖြစ်ကြတာလဲနှစ်ယောက်လုံး
ပိန်သွားကြတာ"

"သားတို့အဲ့လောက်မပိန်သွားပါဘူးဗျာ"

"ကဲ အဲ့ဒါနောက်ထားတော့
သားတို့နားကျအုံး
ပေးအိုမားကိုအထုတ်တွေ"

အပါးကရောက်လာပြီး

"ပေးအပါးသယ်လိုက်မယ်သားတို့
သွားနာကြ"

"မဟုတ်တာဗျာသားတို့ဘာသာ
သားတို့သယ်သွားပါ့မယ်
ရပါတယ်"

"ကဲအာ့ဆိုလည်းပေးသယ်လိုက်ပါ
ဒါဆိုသွားနားကြတော့"

"ဟုတ်ကဲ့"

ဂျောင်နဲ့ဂျီမင်းလည်း
သူတို့အရင်နေတဲ့အခန်းလေးသို့

အခန်းထဲဝင်လိုက်ရုံပဲ
တစ်မျိုးကြီးမနေတာကြာလို့ဖြစ်မယ်
ထင်ပါတယ်

ဒီအခန်းထဲမှာဆိုလည်းအမှတ်တရတွေ
ရှိခဲ့တာပဲ

ဒီအခန်းထဲကိုရောက်တော့
အရင်ကအငွေ့အသက်တွေပြန်ရတယ်
အမြဲတမ်းရန်ဖြစ်အော်ငေါက်ခဲ့တာတွေပြန်ပြီးစဉ်းစားမိတယ်

"ဟျောင်း ဟျောင်းရေအရင်ချိုးရင်ချိုးလိုက်"

"အင်းအာ့ဆိုဟျောင်းရေအရင်ချိုးလိုက်
မယ်"

"............."
‌ဂျောင်ဂုကတော့
တနေကုန်ကားမောင်းလာတာကြောင့်
ခုတင်ပေါ်မှာပဲထိုင်ကာနားနေတော့သည်

စွာလွန်းတဲ့ခင်ဗျားကိုကျုပ်ကပြုပြင်ပေးမှာWhere stories live. Discover now