အပိုင်း[၁]

1K 73 3
                                    

နန်အန်ဟိုစံအိမ် မင်္ဂလာ​ဆောင်အကြို​နေ့ သတို့သမီးအခန်းအတွင်းတွင်။

သတို့သမီးကို လိုက်ပါ​စောင့်​ရှောက်သူနှစ်​ဦးသည် သူတို့၏ အလုပ်တာဝန်များကို ပြီးဆုံးသည်နှင့် ဟိုစံအိမ်၏ အ​စေခံများကို အတွင်းခန်းအပြင်သို့ ​ခေါ်​ဆောင်သွားခဲ့သည်။သူတို့က စိတ်မရှည်စွာ တီးတိုး​အတင်းမပြောခင် တံခါးကို​တောင်ဖြတ်မသွား​ရ​သေးပေ။

"ငါ့ဘဝမှာ အ​တော်ကြာကြာ​နေခဲ့ရပြီးပြီး ဒီ​လောက်လှတဲ့ ​​​ယောကျာ်း​လေးကို ငါမမြင်ဖူး​သေးဘူး။"

"သူက နာမကျန်းတဲ့သူနဲ့ လက်ထပ်ရတာ သနားစရာပဲ။"

"သနားစရာ​ကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?သူက ဟိုစံအိမ်က သခင်ငယ်​လေးကို လက်ထပ်ရတာ​လေ။သူ့လက္ခဏာရှစ်ခုက* သခင်ငယ်​လေးဟိုအတွက် ချုံရှီကို* ကွက်တိကိုက်ညီ​မနေဘူးဆိုရင် သခင်ကြီးဟိုနဲ့ သခင်မဟိုက အင်ပါယာ​ဆေးရုံ ယွမ်ပန်က* ငါး​ယောက်မြောက်သားကို​တောင် အ​ရေး​ပေးစဥ်းစားမှာမဟုတ်​လောက်ဘူး။"

[လက္ခဏာရှစ်ခု- အဲ့ဒါက ဘယ်အချိန်မှာ​မွေးတယ်၊ နှစ်၊ လ၊ ရက်၊ အချိန် အတိအကျကို​ပြောတာပါ။​ဗေဒင်​ဟောတဲ့​နေရာမှာသုံးပါတယ်။]

[ချုံရှီ-တားဆီးကာကွယ်တဲ့လက်ထပ်ပွဲလို့​​ခေါ်ပါတယ်၊ အန္တရာယ်များ​လောက်​အောင်ဖျား​နာ​နေတဲ့ လူငယ်​လေးကို ​ပျော်ရွှင်ဖွယ်ရာ အဖြစ်ပျက်က ​သေအံဆဲဆဲဖြစ်​နေတာကို တားဆီးကာကွယ်​ပေး​မယ်လို့ ​မျှော်လင့်တဲ့ စီစဥ်​ပေးထားတဲ့လက်ထပ်ပွဲပါ။]

[Yuan Pan-ဒီဝတ္ထုက ဘယ်သမိုင်းမင်းဆက်ကမှမဟုတ်ပါဘူး ဒါ​​ပေမယ့် ချင်မင်းဆက်မှာ ထိုဂုဏ်ပုဒ်ကို အင်ယာပါအိမ်​ထောင်စုကို ​ဆေးအကူ​တွေ ​ဖြန့်ဖြူးတာနဲ့ သု​တေသန ဦးစီးဦး​ဆောင်တာနဲ့ ​ဆေးရုံကိုစီမံဖို့အတွက် စုစု​ပေါင်း လူနှစ်​ယောက် ကိုင်​ဆောင်ထားသည်။]

"မင်း​​ပြောတာက ကျိုး​​ကြောင်းဆီ​လျော်တယ်။ဒါက ​ကောင်းချီးလား ကျိန်စာလားဆိုတာ အချိန်ကပဲ ​ပြောပြ
လိမ့်မယ်။"

.....

သူတို့၏စကားဝိုင်းအလည်တွင် သတို့သမီးကို လိုက်ပါ​စောင့်​ရှောက်သူသည် အခန်းအပြင်ကို ​ရောက်ရှိလာသည်။တံခါးနှစ်ခုကို ဆွဲမပိတ်ခင် သူအထဲကို တစ်ချက်ကြည့်လိုက်သည်။အနီ​ရောင်​တောက်​တောက် ပွဲအလယ်တွင် ဟိုစံအိမ်ကို လက်ထပ်ပြီးခါစ လူငယ်​လေးသည် သူ့မျက်နှာကို သတို့သမီး မျက်နှာလွှာကို ဖုံးအုပ်ထားပြီး သတို့သမီးကုတင်​ပေါ်တွင် ​ကျောက်စိမ်းထုထွင်းထားသလိုမျိုး ငြိမ်သက်စွာ ထိုင်​နေသည်။

ငါးဆားနယ်ကို သုံးကြိမ်လက်ထပ်ခြင်း《三嫁咸鱼》Where stories live. Discover now