အပိုင်း[၂.၁]

328 38 1
                                    

လင်းချင်းယုသည် လုဝမ်ချန်​စကားများကို အပြည့်အဝနားမလည်​သော်လည်း တစ်ဖက်လူ ဘာဆိုလိုလဲဆိုတာကို အကြမ်းဖျင်းနားလည်လိုက်သည်ဟု သူထင်သည်။လုဝမ်ချန် သူ့ရဲ့ကျန်သည့်​နေရက်များအ​ကြောင်းကို ​ပေါ့​ပေါ့တန်တန်​လေး ​ပြောနိုင်ဖို့အတွက် သူတကယ်ပဲ ​သေခြင်းတရားကို မ​ကြောက်လို့ဖြစ်လား?

​ပြောစရာရှိတာအားလုံးကို ပြောပြီးလုပ်ပြီးသွား​တဲ့အခါ လုဝမ်ချန်သည် ဖျား​နာ​နေ​သောလူသာဖြစ်သည်။အခုအထိ​တောင့်ခံထားနိုင်တာကပဲ သူ့ကန့်သတ်ချက်ကို​ ​ရောက်​နေပြီဖြစ်သည်။သူအိပ်ယာ​ပေါ်မှာ လှဲလိုက်ပြီး ​ပြောလိုက်တယ် "အလှ​လေး၊ မင်း..."

လင်းချင်းယုက ခက်ထန်စွာ "မဆင်မခြင် အဲ့နာမည်​ခေါ်​နေတာ ​ရပ်လိုက်​တော့။"

သူ့အသွင်အပြင်​ကြောင့် လင်းချန်းယု လမ်း​ပေါ်တွင် စာသင်သည့်​ နောက်ကိုလိုက်သည့်အခါတွင် ရံဖန်ရံခါ တဏှာရူးများ​၏ ​နှောက်ယှက်ခြင်းကို ခံခဲ့သည်။သူ့ကို "အလှ​လေး" ဒါမှမဟုတ် "​ပေါင်​ပေ့"လို့​​ခေါ်တဲ့ အဲ့ဒီလူ​​တွေကို အလှည့်တိုင်းတွင် သူတို့ရဲ့ ပါးစပ်​တွေကို ပိတ်သွားနိုင်​​စေမယ့် သူကိုယ်တိုင် ​ရောစပ်ထား​သော ​ဆေးရည်ဖြင့် သူတို့ပါးစပ်ထဲကို ​အတင်း​လောင်းထည့်တာထက် သူဘာမှမလိုချင်​တော့​ပေ။

သို့​သော် လုဝမ်ချန်က သူ့ကိုအလှ​လေးလို့ ​ခေါ်​သော်လည်း သူက ​ပေါ့ပျက်ပျက်လူတစ်​​ယောက်လိုမျိုး သူ့ကိုဗလာဖြစ်စွာ စိုက်ကြည့်မ​နေ​ပေ။သူက ​လုံးလုံး​တော့ ​မျှော်လင့်ချက်မဲ့တာ​တော့ မဟုတ်​သေး​ပေ။

"ဘယ်​လောက် ရက်စက်လိုက်လဲ။မင်းရဲ့ ကြည့်​ကောင်းတဲ့ ရုပ်ရည်​ကြောင့် ချီးကျူးခံရတာ မ​ပျော်ဘူးလား?"လုဝမ်ချန်က သူ့မျက်လုံး​တွေကို ပိတ်လိုက်ပြီး ​ပြောလိုက်တယ် "ဘာပဲဖြစ်ဖြစ် ငါအနားယူ​တော့မယ်၊မင်းကြိုက်သလိုလုပ်။"

အဲ့ဒီအချိန်​တွေကုန်သွားပြီး​နောက် ဇီရှီကို​တောင် ​ကျော်​နေ​ပြီဖြစ်သည်။အိပ်ယာဝင်တာကလွဲပြီး တခြားဘာမှလုပ်စရာမရှိ​တော့​​​​​ပေ။[ဇီရှီ-၁၁နာရီက​နေ ၁နာရီ]

ငါးဆားနယ်ကို သုံးကြိမ်လက်ထပ်ခြင်း《三嫁咸鱼》Where stories live. Discover now