အပိုင်း (၁)

171 14 0
                                    

[Unicode].
.
.
.
.
.
.
အပိုင်း ၁

တချို့မနက်ခင်းတွေက တိတ်ဆိတ်‌ စေချင်ပေမယ့်

ဆူပူလွန်းတယ်။

ဒီလိုအချိန်တွေဆို သူဟာ သူ့အမူအရာတွေထဲကတစ်ခုဖြစ်သော
မျက်ခုံးတန်းလေးတွေကို ခပ်တင်းတင်းလက်နှင့်ဖိကာ စုကျုံရင်း
စုတ်တချက်သတ်၍ နိုးထလာလိမ့်မည်။

အိပ်မှုန်စုံမွှားမျက်လုံးတွေသည်
သိပ်ချစ်ဖို့ကောင်းခြင်းဆိုသောခေါင်းစဉ်အောက် တိုးဝင်ရင်း...
တစ်ချိန်တည်းဆိုသလို ညှို့ယူခြင်း ခေါင်းစဉ်အောက်လည်း အစဉ်မကျစွာ ဝင်ရောက်ရင်း...

လက်ရှိမနက်ခင်းတွင်တော့
တိတ်တိတ် ဆိတ်ဆိတ်။

ဒါပေမယ့်လည်း သူအလိုမကျနေ။

ဆူပူခြင်း မနက်ခင်းတွေက နေသားကျနေခဲ့ပုံ။
စိတ်နှင့် ခန္တာမြဲမြံချင်ရင်
လွမ်းနေတယ် သွားမပြောလေနဲ့။

ဘေးဘီကို ခပ်ဖွဖွစမ်းကြည့်ကာ နှုတ်ခမ်းလေးကတွေတွန့်ရုံမျှ ဖွဖွပြုံးလိမ့်မည်။

ပြောင်ရှင်းနေသော နေရာလွတ်ကလေးသည် သူဖန်တီးခဲ့ခြင်း...

တွန့်ချိုးထားတတ်သည့် မျက်ခုံးတွေကို ဖွဖွနမ်းပြီး ဖြေလျှော့တတ်မည့်သူသည် ယခုဆိုမနက်ခင်းအတော်များများတွင် ပေါ်မလာတော့။

သူ့တာဝန်အတိုင်း လုံအောင် ပုန်းသွားပြီထင်။

ထိုကဲ့သို့သော မနက်ခင်းချိန်တွေတိုင်း ရက်စက်တတ်ခြင်းတို့၏ ရာဇာမည်သူသည်
ရုတ်တရက် ဟားခနဲလည်း ရယ်ချတတ်သည်။

ရုတ်တရက်လည်း ရှိုက်သံကျယ်တွေ လုပ်ယူ‌တတ်သည်။

နားလည်ရခက်လိုက်သည့် အပိုင်းအခြားတွေများလေ...

ပျောက်နေတဲ့အပိုင်းလေးတွေက
အားနည်းချက်။

ဖယ်ထုတ်ခဲ့တဲ့ အကြောင်းအရင်းပိုင်ရှင်လေးက အားနည်းချက်။

"တိတ်တိတ်ပဲနေလေစမ်းပါ...သူရယ်..
ကြောက်လို့ပါ.."

.........................

"ဟေး ဂင်ထယ်ယောင်း....."

စတိုးဆိုင်၏ မှန်နောက်မှ အော်ခေါ်သံ အချို့ကို လစ်လျူရှုကာ အင်္ကျီခေါင်းစွပ်အောက်က မျက်လုံးရှည်တွေသည် အချိန်ပြည့်ရီဝေနေသလိုလို ပုံမျိုး...

My Simple King Where stories live. Discover now