[Unicode]
အပိုင်း(၃)
ပတ်ဝန်းကျင်တစ်ခုလုံးက အေးနေတယ်။
စွတ်စိုသလိုရနံ့တွေ..
မိုးနံ့မဟုတ်...သိုလှောင်တာကြာနေတဲ့ ရေတွေဆီကအနံ့မျိုး။
ပုပ်အဲ့နေတာလည်းမဟုတ်..
ညှင်းသိုးသိုးနှင့် ကောင်းတဲ့အနံ့လည်းမဟုတ်..ဆိုးတဲ့အနံ့လည်းမဟုတ်တာမျိုး။
အေးစက်ရင်း မှောင်မဲနေတဲ့နေရာသည် ရှေ့ကို ဝါးတစ်ဖျံထက်ပိုမမြင်ရ။
ခြေမျက်စိထိ နစ်မြုပ်နေတဲ့ရေ တွေရဲ့အထိအတွေ့ကြောင့် စိုထိုင်းထိုင်းနှင့်အေးစက်စက်။
တစ်ယောက်တည်းရှိတဲ့ ပတ်ဝန်းကျင်သည်ကြောက်စရာအခြေအနေမို့ တစ်ယောက်ယောက်များရှိနေမလားအားကုန်အော်ဟစ်နေပေမယ့် ပဲ့တင်သံကလွဲအားလုံးနတ္ထိ။
"ဂင်ထယ်ယောင်း.."
နာမည်ခေါ်သံကြောင့် လှည့်ကြည့်ချိန် ဘာမှမတွေ့ရ။
ချွေးတွေသည် အေးနေသော်ငြား ချွဲနစ်နေပြီဖြစ်သည်။
သေသွားတာ မဟုတ်လား။
ကားတိုက်ခံလိုက်ရတာ သေချာမှတ်မိနေသည်။
ဒါဆို ဒါက တမလွန်လား.."ငရဲများလား."
"ဂင်ထယ်ယောင်း.."
အသံသည် ဦးတည်ရာတွေ စမှတ်တွေ မပါ။
အဘက်ဘက်က ကြားနေရပြီး အသံရဲ့နောက်မှာလည်း ပဲ့တင်ထပ်မှုကြောင့် နှစ်ခါ သုံးခါပြန်ကြားရလျက်။
ပိုခြောက်ခြားစရာက ကိုယ့်အသံဖြစ်နေခြင်း..။
နားနှစ်ဖက်ကို ဖိပိတ်ကာ ထိုင်ချလိုက်သည်။
အောက်ပိုင်းတစ်ခုလုံးကို ချွဲသွားသည့် ရေတွေရဲ့ အထိအတွေ့က ခံစားချက်တွေ ပိုလှိုင်းဂယက်ရိုက်နေသည်။
"ဘယ်သူလဲ..!!
ထွက်ခဲ့စမ်း"ရွှေရောင်ဝတ်ရုံအရှည်ကြီးနှင့် ပုံရိပ်တစ်ခုသည် တဖြည်းဖြည်းနီးကပ်လာသည်။
ရင်းနှီးနေခဲ့သော ဝတ်စုံအပြင်အဆင်မျိုး..၊ဒဏ်ရာမျိုးစုံ ဖိစီးလွန်းခဲ့သည့် ပင်ပန်းစရာ ဇာတ်ကောင်ငယ်မို့ လိုတာထက် သူဒီအချိန် ပိုခြောက်ခြားနေနိုင်သည်။
YOU ARE READING
My Simple King