10

29K 404 29
                                    

"ဦးသက်ပိုင်ကို မပြောနဲ့အုံး ငါအခုချက်ချင်းအသက်ရှိတဲ့နေရာကိုလိုက်သွားမယ် "

ရှန်းတစ်ယောက်အသက် သတင်းရရချင်းချက်ချင်းလိုက်သွားကာ အသက်ပျောက်နေတာအခုဆို တစ်နှစ်တောင်ကျော်ပြီဖြစ်ကာ အခုလဲနယ်ဘက်ကဆေးရုံတစ်ခုမှာတွေ့လိုက်တယ်ဆိုတာကြောင့် ဇတ်ကြောင်းလိုက်ရင်း ရွာတစ်ရွာမှာနေကာ ဗိုက်တောင်ကြီးနေပြီဆိုပဲ အတူနေတဲ့အကောင်က ဟိုတစ်ခါကျောင်းခန်းထဲကဆွဲထုတ်သွားတဲ့အကောင် အခုလဲအသက်ကိုအတင်းယူထားတာနေမယ်။

အသက်ကိုသူအရင်ရှာတွေ့ပြီဆိုတော့ သူ့အကြံအစည်ကိုအကောင်ထည်ဖော်ရမယ် ဦးသက်ပိုင်အနားကပ်နေတာက အကြောင်းမဲ့သက်သက်တော့မဟုက်ဘူး ဒါကိုသူကအရမ်းချစ်လို့ကပ်နေတယ်ထင်နေတာ နောက်ဆုံးတော့သူမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတော့မယ် အသက်ကိုလဲပိုင်ဆိုင်နိုင်မယ် ဦးသက်ပိုင်စည်းစိမ်တွေနဲ့ ပျော်ပျော်ကြီးသုံးဖြုံးပြစ်မယ်။

ဦးရှန်းတစ်ယောက် ကောက်ကျစ်သောအပြုံးများ မျက်နှာပေါ်မှာပေါ်လွင်လာပြီး သူစီးလာတဲ့ကားလေးဟာ အေးချမ်းတဲ့ရွာလေးတစ်ရွာစီသို့ဦးတည်သွားတော့တယ်။

"မောင် စိတ္ခ်သြားပါ ဦးလေးတို့ညမသူဇာတို့လဲရှိနေတာကို "

"မောင်မသွားချင်ဘူးကွာ မောင်စိတ်ထဲတစ်ခုခုထင့်နေတယ် "

"မောင်နဲ့တော့ ခက်ပြီကွာ မောင်အဲ့လိုလုပ်နေရင်ရွာကလူတွေဘယ်လောက်အားနာဖို့ကောင်းလဲ သူတို့မှာမောင့်ကိုအားကိုးနေရတာကို "

"ဟုက်တော့ ဟုက်ပါတယ်အချစ်ရယ် ဒါပင်မဲ့ အခ်စ္ဗိုက္က"

"ဒီမှာမောင်မင်းကြီးသား မင်းသမီးကနောက်လမှထွက်လာမှာ အခုတော့စိတ်ချပြီးသွား ဂျစ်တိုက်မနေနဲ့ ငါစိတ်ဆိုးလိုက်မှာနော်"

"ဟီး စိတ်တော့မဆိုးပါနဲ့အချစ်ရယ် မောင်သွားပါမယ် အမြန်ပြန်လာမယ်နော် ဖေဖေသမီးလေးရေ ဖေဖေအလုပ်သွားလုပ်အုံးမယ်နော် ပါးပါးနဲ့လိမ်လိမ်မာမာနေ ပါးပါးကိုအရမ်းမဆိုးနဲ့နော် မြ မြ"

"မောင်ကတော့လေ "

မောင်ကအသက်ဗိုက်လေးကိုပွတ်ပြီး စကားတွေပြောနေကာ ဗိုက်ထဲကသမီးလေးကလဲသူ့အဖေစကားကြားရသလို တွန်းကန်နေတော့တယ်။ အသက်မောင့်ကိုအိမ်ရှေ့ထိလိုက်ပို့ပြီး အသက်တို့ရောက်ပြီးတစ်နှစ်အတွင်းရွာလေးကတိုးတက်လာသလို ရွာထဲထိကားတွေထော်လာဂျီတွေဆိုင်ကယ်တွေဝင်လို့ရနေပြီး အသက်တို့အိမ်လေးဟာလဲ အရင်လိုသေးသေးလေးမဟုက်တော့ပဲ နည်းနည်းကြီးအောင်ပြင်ဆောက်ထားကာ မောင်သွားရလွယ်ကူအောင် ကုန်တင်လို့ရတဲ့ကားအလက်တစ်စီးလဲဝယ်ထားပြီး မောင့်စီးပွားရေးက သမီးလေးဗိုက်စရှိထဲက ပိုပိုတိုးတက်လာတာမို့ မောင့်ကတော့သူ့သမီးကိုလဒ်ကောင်လေးဆိုကာ သိပ်ချစ်လေသည်။ သူသမီးထွက်လာဖို့ကို သူ့မှာလက်ချိုးရေရတာ မနည်း။

 bodyguard and baby bossDonde viven las historias. Descúbrelo ahora