12

23.8K 413 16
                                    


"အကို ဒီအရက်တွေကြီးပဲသောက်နေတော့မှာလား သမီးလေးမျက်နှာကိုလဲကြည့်ပါအုံးလား"

တစ်နေ့တစ်နေ့အရက်တွေကြီးထိုင်သောက်နေတဲ့ ကမ်ဘာကိုသူဇာတို့မိသားစုလဲ မပြောလို့မရတော့ ကလေးကိုသူဇာတို့မိသားစုကဝိုင်းထိန်းပေးကြပင်မဲ့ ကမ်ဘာကနေ့ရှိသ၍အရက်ပဲသောက်နေကာ ကလေးအတွက်လဲဘားမှမလုပ်ပေးနိုင် ကလေးရှေ့ရေးကရှိသေးတယ် ဒီတိုင်းသွားလို့မှမဖြစ်တော့တာ။

"ဟုက်တယ်မောင်ရင် မင်းကဦးတို့သားဆိုလဲမမှားဘူး မင်းပြောတော့မင်းသမီးလေးကိုစောင့်ရှောက်ချင်တယ်ဆို မင်းသမီးလေးမှာလဲမင်းတစ်ယောက်ထဲရှိသလို မင်းမှာလဲမင်းသမီးတစ်ယောက်ထဲရှိတာမဟုက်လား"

ကမ်ဘာ ရွာလူကြီးစကားကြောင့်တွေဝေသွားကာ တဂယ်ပဲသူသမီးလေးအပေါ်တာဝန်တွေပျက်ကွက်ခဲ့တာ။

"ဟုက်တယ်အကို ဒီလိုဆက္သြားမယ္ဆို သမီးလေးရှေ့ရေးအတွက်တစ်သူဇာတို့တစ်ခုခုစီစဉ်ရလိမ့်မယ် အကိုမှမစောင့်ရှောက်နိုင်ရင် သမီးလေးကို..."

ဦးလေးစကားကို သူဇာကပြန်ထောက်ပြီးပြောကာ သူဇာစကားမှာတင် ကမ်ဘာရင်ထဲဝမ်နည်းတက်လာသလို ဒေါသလဲထွက်လို့သွားတယ်။

"ငါ့သမီးကို ဘယ်သူမှမပေးနိုင်ဘူး!!!! ငါ့ကိုသာသက်လိုက်ကြပါတော့ "

ကမ်ဘာအရက်ပုလင်းတွေခွက်တွေလွှတ်ပြစ်ကာ သူဇာလက်ထဲကသမီးလေးကိုပွေ့ယူလိုက်သည်။

"သမီးလေး ဖေဖေသမီးလေး ဖေဖေတောင်းပန်ပါတယ် ဖေဖေသမီးလေးကိုဒီနေ့ကစပြီးအကောင်းဆုံးစောင့်ရှောက်ပါမယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ် သမီးလေးရယ်"

ကမ်ဘာကမျက်ရည်တွေကျပြီးထိုစကားဆိုနေကာ သုံးလသအရွယ်သမီးလေးကတော့ကမ်ဘာကိုမျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်ကြည့်နေသည်။ တဂယ်သမီးလေးက အသက်နဲ့သိပ်တူကာ သမီးလေးကိုမြင်တိုင်းအသက်ကိုသတိရနေတာမို့ အသက်မေ့မလားလို့အရက်တွေကြီးလှိမ့်သောက်နေမိတာ သမီးလေးကိုတောင်ဂရုမစိုက်မိ။ အခုချိန်ကစပြီး သမီးလေးကိုသူဂရုစိုက်မယ် သမီးလေးကိုဒုက္ခမပေးနိုင်အောင် ဖေဖေကာကွယ်ပေးမယ် အသက်အနားမှာမရှိပင်မဲ့ အသက်နဲ့တူတဲ့သမီးလေးရှိတာမို့ ရှေ့ဆက်ဖို့မောင်အင်အားတွေရှိလာပြီ အသက်ကိုမောင်တွေ့အောင်ရှာမယ် မောင်သေချာပေါက်တောင်းပန်ပါမယ်။

 bodyguard and baby bossWhere stories live. Discover now