《17》

1.2K 41 0
                                    

"ပိုင်ရေမောင်အဘယာထဲခေါ်လို့သွားလိုက်ဦးမယ်ဟေ့ "

"သွားလေအမောင် နေ့လည်စာငါလာပို့မယ်"
ထမင်းချက်ပြုတ်နေတဲ့အပိုင်ကိုအသိပေးပြီးမှ
ဝါးဖတ်ခမောက်လေးဆောင်းကာ
သီချင်းညည်းရင်းအဘရဲ့ယာဘက်သို့စံမောင်ထွက်လာခဲ့လိုက်သည်

"နေဦး...."

အနောက်ဘက်ကခေါ်သံကြောင့်စံမောင့်ခြေလှမ်းတွေတန့်သွားပြီး
လှည့်ကြည့်လိုက်သည်
သူကိုခေါ်တဲ့လူကအပိုင်ရည်းစားဟောင်းဖြစ်နေတာတွေ့ရတော့
ရွှင်မြူးနေသည့်စိတ်ကလေးဟာကြက်ပျောက်ငှက်ပျောက်သွားရသည်

ဒီလူကဆရာတော့်မွေးနေ့ကြောင့်ရောက်လာတာဖြစ်သည့်အတွက် သိပ်မကြာခင်ပြန်သွားမှာပါ
အဲ့အချိန်အတွင်းတော့ သူနဲ့မတွေ့အောင်ရှောင်ပေးပါလို့ပြောခဲ့တဲ့အပိုင်စကားကိုသတိရသွားတာပြီး
ခြေလှမ်းတွေကိုဆက်လျှောက်လိုက်သည်

"ဟေ့လူရပ်ဦးလို့! "

ဟန်သာအပြေးကျော်တက်ပြီးရှေ့ကပိတ်ရပ်လိုက်သည်

ဒီကောင်မျက်နှာမြင်တိုင်း အပိုင်ရဲ့ချစ်ဦးသူပါလားလိုတွေးမိပြီးစောက်ခွက်စုတ်ပြတ်အောင်ထိုးချင်နေပါတယ်ဆို
လူကိုလာလာဆွတယ် ဟူသောအတွေးနှင့်အတူစံမောင်မျက်နှာကခက်ထန်နေသည်

"လမ်းဖယ်!"

"ငါမင်းနဲ့စကားပြောချင်တာရှိတယ်"

"ကျုပ်မှာမရှိဘူး "

"အပိုင်နဲ့ငါ့ရဲ့ဆက်ဆံရေးကိုမင်းသိတယ်မလား"

ဟန်သာခနဲ့ပြုံး ပြုံးရင်းမေးလိုက်တာဖြစ်သည်
ဒီကောင့်ကအပိုင့်ကိုအတင်းသိမ်းပိုက်ထားတာမှန်းသူသိပြီးပြီ
အခုသူ့အပိုင်ကိုသူပြန်သိမ်းချိန်ရောက်ပြီ

".............."

"ကြည့်ရတာမင်းမသိဘူးထင်တယ်"

"ကျုပ်သိတယ် ခင်ဗျားကသူ့ရည်းစားဟောင်းဆိုတာ"

"အို ! ဟုတ်တာပေါ့ ငါကသူ့ရည်းစားဟောင်းလေ
သူအချစ်ခဲ့ရဆုံးသူပေါ့ မင်းကတော့သူ့ကိုမတရားသိမ်းပိုက်ထားတဲ့သူအပြင်မပိုဘူး"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now