《extra 》

1.8K 51 0
                                    

"အပိုင်! အပိုင်!"

ဝိုင်းဝကခေါ်သံကြောင့် အပိုင်ကပျာကယာထွက်ကြည့်လိုက်သည်

"မစန်းကြည် ဘာကိစ္စရှိလို့တုန်းဗျ..."

"ကိစ္စကတော့ နင့်သားကြောင့်ပေါ့
ဒင်းလေးကငါ့သားနဲ့ဂေါ်လီပစ်တိုင်းကစားကြတာရှုံးတော့ဝန်မခံဘဲငါ့သားရိုက်နှက်သွားတယ်ဟဲ့
ငါနည်းနည်မှမကျေနပ်ဘူး...."

"တောင်းပန်ပါတယ်မစန်းကြည်ရယ်
ဒင်းပြန်လာရင်ကျွန်တော်ဆုံးမလိုက်ပါ့မယ်"

မစန်းကြည်ကိုအတော်လေးခခယယတောင်းပန်လိုက်မှစိတ်လျှော့ကာပြန်သွားတော့သည်
အပိုင်ကတော့ရွာစဥ်လှည့်နေသည့်သားဖြစ်သူပြန်အလာကိုတုတ်ကောက်ကာစောင့်နေလိုက်သည်

နေ့လည်စာစားချိန်ရောက်တော့ သကောင့်သားသီချင်းတညည်းညည်းနဲ့ဝိုင်းထဲဝင်လာတယ်

"စံပိုင်! "

"ဗျာအဖေ"

"ဒီနေ့မစန်းကြည်သားကိုရိုက်နှက်ခဲ့တယ်ဆို..."

"မဟုတ်တာဗျာ"

" မင်းကိုမစန်းကြည်ကိုယ်တိုင်လာတိုင်သွားတာ
လူကြီးမဟုတ်တာပြောမလား!"

"အဲမိန်းမကြီးကတော့ဗျာ"

"စံပိုင်! စကားကိုပြန်ပြင်လိုက်စမ်း
လူကြီးတွေကိုဘယ်လိုခေါ်ဝေါ်ရမလဲသင်ပေးထားတယ်မဟုတ်ဘူး...."

လူကြီးတွေအပေါ် ဘရီး အရီး ဦးကြီး ဒေါ်ကြီး ခေါ်ဖို့သင်ပေးထားပေမဲ့
ဒီမိန်းမကြီးကသူ့အကြောင်း အဖေဖြစ်သူကိုတိုင်လို့သူအ​ခေါ်အဝေါ်ကိုပြန်မပြင်ချင်ပေ

မထုံတက်သေးမျက်နှာထားနဲ့သားဖြစ်သူကြောင် ဒေါသတို့ထိန်းမရတော့ဘဲ
အဆင်သင့်ကိုင်ထားတဲ့တုတ်နဲ့လိုက်ရိုက်တော့သည်

"အဖေ! အဖေ လွန်မယ်နော်"

စံမောင်ကသူ့အသားနာမှာဆိုးလို့ပတ်ပြေးသည်
အပိုင်ကလည်း မမိမချင်းကိုလိုက်ရိုက်သည်

စံမောင်ယာထဲကပြန်ရောက်ရောက်ချင်းမြင်လိုက်ရတာက
သားဖြစ်သူကိုခင်ပွန်းဖြစ်သူကလိုက်ရိုက်နေတဲ့မြင်းကွင်းဖြစ်သည်

You've reached the end of published parts.

⏰ Last updated: Dec 17, 2023 ⏰

Add this story to your Library to get notified about new parts!

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now