part-12(U+Z)🔞🔞

8.5K 79 0
                                    

##Unicode##

မမထွက်သွားပြီး မွန်း ကိုယ့်အားကိုယ်ကိုးဖို့ သူမအလုပ်မှန်သမျှကို ကိုယ်တိုင်ဘဲလုပ်ခဲ့သည်။ သူမ မနက်စာကအစ ကြီးမြကိုမလုပ်ခိုင်းတော့။

မွန်း ဟိုဘက်ခြံကအစ်မဆီမရောက်ဖြစ်တာကြာပြီ။မမကမသွားခိုင်းလို့သာ။

ခုမမမှ မရှိတော့တာငါသွားချင်သွားလို့ရပြီ။

မွန်းဟိုဘက်ခြံကအစ်မဆီထွက်လာခဲ့သည်။

ဟိုရောက်တော့သူမက စားပွဲပေါ် ဘာပုလင်းတွေလဲမသိ ချထားကာ ထိုင်သောက်နေသည်။ ရေခဲတွေကော
မုန့်တွေကော ဆိုတော့ ဒါရုပ်ရှင်ထဲကလို အရက်ထိုင်သောက်နေတာလား။

မွန်းသူမအနားသွားလိုက်ကာ။

"အစ်မ ဘာလုပ်နေတာလဲ။"

မွန်းကိုတွေ့တော့ အသ်မကအံ့သြ သွားသလိုပင်။

"အော်ပေါက်စ။ခုမှဘဲပေါ်လာတော့တယ်နော်။"

"မမကဘယ်မှ မသွားခိုင်းလို့။"

"ခုကော။"

"သူမရှိတော့ဘူး။သူ့အိမ်​ြပန်သွားပြီ။"

ပေါက်စမျက်နှာကအရင်လိုမရွှင်လန်း စိတ်မကောင်းဖြစ်နေပုံပင်။

"အော်။"

"ဒါဘာတွေလဲအစ်မ။"

သူမကစားပွဲပေါ်ကပုလင်းတွေကိုကြည့်ကာမေးသည်။

"အရက်လေ။"

"မွန်းကောသောက်လို့ရလား။"

"ဟာကလေးတွေသောက်တဲ့အရာမဟုတ်ဘူး။"

"မွန်းသောက်ချင်တယ်။အရက်သောက်ရင်စိတ်ညစ်ပြေတယ်တဲ့။"

"မင်းကဘာတွေစိတ်ညစ်နေတာလဲ။"

"ဒီလိုပါဘဲ။ မွန်းကိုနဲနဲပေး​သောက်ပါနော်။"

"ကောင်းပြီလေ သောက်ကြည့်ပေါ့။ဒါနဲ့မင်းအိမ်ကဆူရင်ကော။"

"ဟင့်အင်းမွန်းကိုဆူမယ့်သူမရှိတော့ဘူး။"

မှိုင်းနားလည်ဟန်
ခေါင်းငြိမ့်လိုက်ကာ

"နဲနဲဘဲရမယ်နော်။"

"ဟုတ်။"

မှိုင်း သူမအတွက်ဝိုင်ဘဲပေးလိုက်သည်။
မှိုင်းသောက်နေတာတိုက်လို့တော့မဖြစ်။

Pity Love🔞(သနားချစ်)Where stories live. Discover now