part-13(U+Z)

3.4K 71 1
                                    

##Unicode##

မွန်းနိုးလာတော့ မနေ့ကအဖြစ်အပျက်တွေကိုပြန်မြင်ယောင်နေပြီး ကြောက်နေမိသည်။

"ပေါက်စ နိုးပြီလား။"

အခန်းထဲဝင်လာတဲ့ အစ်မကြောင့်မွန်းအားကိုးတကြီး။

"အိမ်ပြန်ချင်တယ်။"

"ခနနေ တို့ လိုက်ပို့ပေးမယ်။"

"ဟင့်ဟင်း ခုပြန်ချင်တာ..ခု"

ထိုအစ်မလက်ကို အတင်းဆွဲကာပြောနေမိသည်။

"ကဲပါ ပြန်ရမှာပေါ့။ရော့ခုတော့ သံပရာရည်လေးသောက်လိုက်အုံး"

"ဟင့်အင်းမသောက်ဘူး။မနေ့ကအစ်မတိုက်တာသောက်ပြီး။ဘာတွေဖြစ်သွားမှန်းမသိဘူး။ခုထပ်မသောက်ရဲဘူး"

"ဟ မင်းကိုငါတိုက်တာမဟုတ်ဘူးလေ။ မင်းဟာမင်းအတင်းသောက်ချင်တာလေ။ဒါထဲကငါ့အပြစ်ဖြစ်ရသေးတာလား။"

"မသိဘူး။ အစ်မကလူဆိုးကြီး။မွန်းကိုနာအောင်လုပ်တယ် ဟွန့်..။"

မွန်းဆူပုတ်ကာဆိုလိုက်သည်။

"ထပ်နာချင်သေးလား"

မှိုင်းပြောရင်း သူမအပေါ်အုပ်မိုးလိုက်သည်။

"ဟင့်အင်း။မမရေ..မမ ကယ်ပါ။ဒီအစ်မကြီးကိုကြောက်တယ်လို့။"

"ဟားဟား။မင်းမမက မင်းဘယ်ရောက်နေလဲတောင်မသိတာ။မင်းကိုဘယ်လိုလာကယ်မလဲ။ ပြီး​တော့ ငါကကြောက်ဖို့မကောင်းပါဘူးကွ။ငါကချစ်ဖို့ကောင်းတာ"

မှိုင်းသူမပေါ်ကနေ ဖယ်ပေးလိုက်သည်။

"ချစ်ဖို့။အချစ်..."

"အင်းလေ။"

"ဟင့်အင်း။မွန်းအချစ်ဆိုတာကြီးကိုကြောက်တယ်။မွန်းဘယ်သူ့ကိုမှမချစ်ရဲတော့ဘူး။မွန်းချစ်တဲ့သူတွေကမွန်းကိုထားခဲ့ကြတယ်"

"တို့ကတော့ မင်းကိုတစ်သက်လုံးမထားဘူးစိတ်ချ"

မှိုင်းပြုံးစိစိလေးဆိုလိုက်ပေမယ့် သူမကတော့ ကြောက်စိတ်တွေအပြည့်​ဖြစ်တဲ့ မျက်လုံးတွေနဲ့မှိုင်းကို​ညြ့်လာသည်။

"တခြားသူတွေလဲအဲ့လိုပြောခဲ့ကြတာဘဲ။ပြီးတော့လဲထားသွားတာဘဲ မေမေနဲ့ ဖေဖေ ပြီးတော့ မမ.."

Pity Love🔞(သနားချစ်)Where stories live. Discover now