part-1

150 4 0
                                    


"mom!!!"

မက်နေကျအိမ်မက်ဆိုးက နေ့တိုင်းလိုနှောက်ယှက်နေသလို...

ဆံပင်တွေကိုခါရမ်းလိုက်ပြီး အိပ်ယာပေါ်မှဆင်းလာခဲ့သည်

ကာရံထားသောလိုက်ကာတွေကိုဖယ်ထုတ်ပြီး ဆားနံ့ခပ်သင်းသင်းရနေတဲ့ပင်လယ်လေကိုတစ်ဝကြီးရှူလိုက်မိသည်...

မွေးရပ်မြေကိုပြန်ရောက်တာ တစ်နှစ်ပဲရှိသေးသောလည်း အိမ်ကအတည်တကျမရှိ အမြဲလိုလို ပြောင်းနေရဆဲပင်...

ပင်လယ်လေကိုရှူရှိုက်ပြီးနောက် မနက်ခင်းလေ့ကျင်ခန်းလုပ်ရန် အားကစားရုံထဲဝင်ရောက်ခဲ့သည်..

"ယံလေး"
ဘေးမှအနက်ရောင်ဝတ်စုံနှင့်သက်တော်စောင့် ကိုနန္ဒ၏ခေါ်သံ...

"ပြောပါ"

"ကျောင်းမသွားခင် ရဲမူးချုပ်နဲ့အရင်တွေ့ရမယ်လို့သတင်းရပါတယ်၊ပြီးတော့ ကျောင်းမှာ ကိစ္စတစ်ခုခုဖြစ်နိုင်တာမို့ သတိထားဖို့ပြောလိုက်ပါတယ်"

"သိပြီ"

စကားကိုခပ်ပြတ်ပြတ်ပြောရင် တိုက်ကွန်တိုလေ့ကျင့်ရေးအခန်းထဲဝင်သွားသူက မိုးသောက်ယံ...

အသက်နှင့်မလိုက်အောင်တည်ငြိမ်ပြီးစကားနည်းသူ

ပျော်ပျော်နေသင့်တဲ့အရွယ်၊မိဘဆီမှာ ချွဲနေသင့်တဲ့

၁၉နှစ်ဆိုတဲအရွယ်လေးက အပြုံးအရယ်မရှိအောင်တည်ငြိမ်နေသလို...

မတက်တဲ့ကိုယ်ခံပညာဆိုတာလည်းနည်းသလို သေနတ်ကအစပစ်တက်နေတာမျိုး...

အမြဲတိမ်းရှောင်ပြီးအသက်အန္တရာယ်ရှိနေပေမဲ့ ဘာမှမဖြစ်သလိုတည်ငြိမ်နေသူ....

မိခင်ဖြစ်သူဒေါ်နန်းမြင့်မိုရ်သေဆုံးမှု၏မျက်မြင်သက်သေဖြစ်ခဲ့ရာမှစ၍ အသက်၆နှစ်အရွယ်ကောင်လေးဘဝက အရာအားလုံးပြောင်းလဲခြင်းရောက်ခဲ့ရသည်...

သူမွေးရပ်မြေ White stone မြို့ကိုပင်စွန့်ခွာကာ
မရင်းနှီးတဲ့နေရာတွေမှာအသံတိတ်ပုန်းကွယ်ကာနေခဲ့ရသူ...

သူကတော့မိုးသောက်ယံ

မြို့ရဲ့အာဏာအရှိဆုံးရဲမှုးချုပ်နဲ့

ဖြစ်တည်မှုWhere stories live. Discover now