part-5

47 1 0
                                    


"ရပါတယ်ဗျာ.....ကူညီပေးတာပဲကျေးဇူးတင်ပါတယ်"

သက်တံရောင်ကုတင်ပေါ်ကဆင်းပြီး နောက်အနည်းငယ် ပုံပျက်နေတဲ့ဆံပင်နဲ့အင်္ကျီကိုပြင်လိုက်ပြီး...

"ရေချိုးခန်းကဒီဘက်မှာရှိတယ်...အံဆွဲထဲမှာသွားတိုက်တံအပိုလည်းရှိတယ်...ညီ...ယူသုံးလိုက်လေ...
အကို၊ ညီစားဖို့တစ်ခုခုလုပ်ပေးမယ်"

"အားနာစရာကြီးဖြစ်သွားပြီ...."

"မလိုပါဘူး...လူနာကိုပြုစုပေးရတာဆရာဝန်ရဲ့အလုပ်ပဲလေ....ဒဏ်ရာရပြီးဖျားနေတဲ့လူတစ်ယောက်ကိုတော့ဒီတိုင်းပြန်မလွတ်လိုက်နိုင်ပါဘူး..."

ပြောပြီး ခပ်ရေးရေးပြုံးပြကာ မီးဖိုခန်းထဲထွက်သွားသည်...

မင်းမျိုးနွယ်အတွက် လူစိမ်းတစ်ယောက်ဆီကရတဲ့
ပထမဆုံးနွေးထွေးမှုမျိုးပင်...

မားပြီးရင်ဤကဲ့သို့နွေးထွေးမှုသူမရခဲ့ဖူး..
မဟုတ်...သူကိုယ်တိုင်က လူတွေနားသိပ်မကပ်ခဲ့တာ.
အဖေဖြစ်သူရဲ့လူမဆန်တဲ့အပြုအမူတွေကြောင့်သူလူတွေကို မယုံကြည်ရဲတော့ပါ...

ရေချိုးခန်းထဲဝင်ရောက်လိုက်သည်..
ညကအဖျားအရှိုန်ကြောင့် နီစွေ့စွေ့မျက်လုံးတွေက
ဖောင်းအစ်နေသေးသည်...

လက်မှနာကျင်မှုကလည်း ဆေးအရှိုန်ကြောင့်သက်သာနေသလို..

အံဆွဲကိုဖွင့်ကြည့်လိုက်တော့ အစီအရီရှိနေတဲ့သွားတိုက်တံအပိုတွေနဲ့ပုဝါတွေ...

ဆရာဝန်ဖြစ်လို့လားတော့မသိအသုံးအဆောင်တိုင်းလိုလိုက အရက်ပြန်နံ့လေးပါနေသလို...

ရေချိုးခန်းမှထွက်လာခါမှအဝတ်အစားကိုပြန်ကြည့်မိသည်...

ထိုအရာကိုသိထားမိဟန်ရှိသည် ဆရာဝန်က

"ညီ့၊အင်္ကျီတွေကသွေးတွေရော၊မိုးရေတွေရောရွဲနေလို့...အကို့အင်္ကျီတွေလဲပေးထားတာ...အဆင်ပြေရဲ့လား"

ဆရာဝန်ဆိုပေမဲ့သူကြည့်ရတာအင်္ကျီလဲပေးထားရသည်ကို ရှက်နေဟန် လည်ပင်ကိုလက်ဖြင့်ပွတ်သက်ခါမေးလာသည်..

"ရပါတယ်....မိုးရွာထဲခေါ်လာပေးထားတာပဲ...ကျွန်တော်နားလည်ပါတယ်"

ဖြစ်တည်မှုWhere stories live. Discover now