Part 17 U

3.4K 201 6
                                    

တီ တီ တီ !

ခေါင်းရင်းဘက်မှ အဆက်မပြတ်မြည်နေသည့်နာရီသံကြောင့်ယိမ်းယိုင်းအလန့်တကြားနိုးလာခဲ့တော့သည်။မနက်ခြောက်နာရီတိုင်းချန်ဒလာကအရင်နိုးကာ ပိတ်ထားတတ်သည်။ခုတော့ပိတ်မယ့်သူအဖော်မဲ့‌နေစွာ အဆက်မပြတ်ထွက်နေသည်။ယိမ်းယိုင်နာရီကိုလှမ်းပိတ်ပြီးသည်နှင့် မျက်ဝန်းတို့ကိုအနည်းငယ်မျှပွတ်ယူကာဘေးသို့လှည့်ကြည့်လိုက်သည်။‌ အေးစက်စက်မွေ့ယာအထိအတွေ့ကလွဲရင်ချန်ဒလာကရှိမနေ။မနက်အစောကြီးအလုပ်သွားစရာလည်းအကြောင်းမရှိ။

"" ဟင် ဆေးလိပ်နံ့တွေဘယ်က ... ""

‌ယိမ်းယိုင်ခေါင်းကိုအနည်းငယ်မျှယိမ်းကာဆေးလိပ်နံ့ရရာနေရာကိုလှမ်းရှာကြည့်မိသည်။တွေ့ပါပြီ အပြင်ရှုခင်းကိုအဝကြည့်လို့ရသည့် ပြတင်းပေါက်မှန်နားမှာအပေါ်ပိုင်းဗလာနှင့် အေးအေးဆေးဆေး,ဆေးလိပ်ထိုင်သောက်နေသူကို။

ယိမ်းယိုင် ဖရိုဖရဲကျနေသည့်ညဝတ်အင်္ကျီလေးကိုအနည်းငယ်မျှပြင်ဆင်လိုက်ကာသူ့နားသို့ဆိုးကပ်သွားလိုက်သည်။

"" စောစောစီးစီးဆေးလိပ်တွေသောက်နေပြန်တာလား ""

"" မဟုတ်ဘူး နို့ချောင်းကိုက်နေတာ ""

တကယ့်ဗရုတ်သုတ်ခဆေးလိပ်သောက်နေတာကြီးမြင်နေရက်နဲ့ဆေးလိပ်သောက်နေတာလားဆိုတော့သူဘာပြန်ဖြေရမလဲ။မျက်လုံးမြင်ရင်မျက်လုံးနဲ့ကြည့်ပေါ့ ပါးစပ်ဖြေတာကိုစောင့်နေရကောလား။ဖြေချင်မှန်းသိမဖြေမှန်းသိလျှာကိုရှည်လွန်းကြတယ်။

"" အော်အေး နို့ချောင်းကအငွေ့ထွက်တယ်နော် ""

ယိမ်းယိုင်ဘက်ကနေလည်း ပက်ခနဲပြန်ပြောလာသည်။ချန်ဒလာရဲ့ရွဲ့ချက်ကနှစ်ယောက်မရှိ။အရင်ဘဝက လူတွေအပေါ်မရွဲ့ရလို့ခုဘဝမှာအရင်းနဲ့အတိုး‌ ပေါင်းရွဲ့နေသလို။သူကစရွဲ့မှတော့ ကိုယ့်ဘက်ကပြန်ရွဲ့ပေးရုံပေါ့။

"" ထွက်တယ်လေဒါက ချန်ဒလာ့ရဲ့စပါယ်ရှယ်နို့ချောင်း။မပူပါနဲ့ နောက်ခါကျုပ်ဆာတိုင်းနို့ချောင်းမကိုက်တော့ဘူး ခင်ဗျားနို့ကိုလာစို့ပေးမယ် ဟုတ်ပလား။နို့ချောင်းနဲ့တော့ဖက်ပြီးကျုပ်ကို စိတ်မကောက်ပါနဲ့။ ""

CHANDLER { Ongoing }Where stories live. Discover now