အပိုင်း ၇

739 131 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၇

နောက်တစ်နေ့၌ တင်းရှ စောစောထခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဖြတ်သွားတဲ့အခါ တံခါးစောင့်ကို ဒီနေ့ ထမင်းဗူး လာမရောင်းဘူးလို့ ပြောခိုင်းခဲ့သည်။ ရှောင်ကျွင်းက လျှပ်စစ်စက်ဘီးစီးပြီး တင်းရှနှင့်အတူ မြို့ထဲသို့ မောင်းသွားခဲ့သည်။

သူတို့ အရင်ဆုံး ဘဏ်စာရင်းဖွင့်ပြီး ငွေသွင်းဖို့ သွားကြသည်။ အကောင့်ပိုင်ရှင်က တင်းရှဖြစ်ပြီး စကားဝှက်မှာလည်း တင်းရှ၏ မွေးနေ့ဖြစ်သည်။

ဘဏ်ဝန်ထမ်းက တင်းရှကို အားကျစွာပြောခဲ့သည်။  "မင်းနဲ့ မင်းခင်ပွန်းက ဆက်ဆံရေး ကောင်းတယ်။ မင်းနာမည်အောက်မှာ ယွမ် 500,000 ကျော် အပ်ထားတယ်"

တင်းရှ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ရှောင်ကျွင်းက သူမထျာကိုမြင်ပြီး လက်မောင်းကို အမြန်ဆုပ်ကိုင်လိုက်သည်။

"ရှင် အရမ်း သတိထားနေစရာ မလိုပါဘူး။ ကျွန်မ ကိုယ်ဝန် လေးလပဲ ရှိသေးတာ" တင်းရှက သူ့ရဲ့ စောင့်ကြပ်မှု ခံရခြင်းကြောင့် ရယ်မောမိသွားသည်။

"အဲ့လို မရဘူး" ရှောင်ကျွင်းက သဘောမတူခဲ့ပေ။ အကြီးဖြစ်စေ အငယ်သည်ဖြစ်စေ သူ့အမြင်အရတော့ သူတို့အားလုံးက သူ့ရတနာတွေဖြစ်ပြီး မတော်တဆမှု မဖြစ်စေရပေ။

တင်းရှ သူ့ကို အရင်က သူမ သွားဖူးသော သားဖွားမီးယပ်ဆေးရုံဆီ ခေါ်သွားခဲ့သည်။ စစ်ဆေးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် စစ်ဆေးချက်ဖိုင်ကို ထိုနေရာတွင် ရှိထားသည်။

စင်္ကြန်များတွင် မိဘစုံတွဲအသစ် အတွဲများ အပြည့်ရှိကာ စင်္ကြံရှိ ကုလားထိုင်များပေါ်တွင် ဘေးချင်းကပ်လျက် ပျော်ရွှင်စွာ ထိုင်နေကြပြီး အချင်းချင်း တီးတိုးပြောရင်း ခေါင်းချင်းဆိုင်နေကြသည်။

တင်းရှနှင့် ရှောင်ကျွင်း ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့က ရှိနေသူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဗိုက်ဖောင်းနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများက ချောတဲ့ မိဘတွေရဲ့ မွေးလာတဲ့ကလေးက အရမ်းလှရမယ်လို့ မနာလိုဝန်တိုစိတ်နဲ့ တွေးနေကြသည်...

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz