အပိုင်း ၁၀

978 130 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း  ၁၀


ပြောင်းရွှေ့သည့် ပထမဆုံးနေ့၌ ရှောင်ကျွင်းသည် စျေးမှ သိုးသူငယ်သားနှစ်ဂျင်ကို ဝယ်ပြီး ပြန်ယူလာခဲ့သည်။

တင်းရှ လွန်ခဲ့သည့် ရက်အနည်းငယ်က ရိုးရိုးအစားအစာကိုသာ စားခဲ့ရသည်။ သူမသည် အစပ် အစားအစာကို တောင့်တပြီး ညဘက်၌ အိပ်ရင်း စကားပြောတတ်သည်။

ဒါကြောင့် ရှောင်ကျွင်းက သူမစားဖို့ သိုးသူငယ်သား ချက်ဖို့ သဘောတူလိုက်သည်။

အသားနှစ်ဂျင်ထဲက တစ်ဂျင်ကို ငံပြာရည်ဖြင့်ပြုတ်ပြီး ကျန်တစ်ဂျင်ကို သိုးသားဟော့ပေါ့ပြုလုပ်ဖို့ အသုံးပြုမည်ဖြစ်ပြီး သူတို့ ဟင်းချိုလည်းသောက်နိုင်သည် - ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့် သတ်ပစ်လိုက်တာပင်။

သူ သိုးသူငယ်သားကို သန့်ရှင်းသွားသည်အထိ ရေနွေးနွေးဖြင့် ဆေးကြောခဲ့သည်။ တင်းရှက ယခု အနံ့ကို မခံနိုင်တော့ဘဲ အမြဲတမ်း အန်နေတာကြောင့် ရှောင်ကျွင်းက ၎င်းကို အကြိမ်ပေါင်းများစွာ အထပ်ထပ်အခါခါ ဆေးကြောခဲ့သည်။

သူ နောက်ကျသုံးဖို့ အာလူးနဲ့ မုန်လာဥနီတွေကို အပိုင်းပိုင်း လှီးဖြတ်ခဲ့သည်။ ကြက်သွန်နီလည်း တစ်ဝက်လောက် လှီးခဲ့သည်။

သူက အသားကို ရေအေးနဲ့ ဆေး​ပြီး နွေကြက်သွန်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဝိုင်နှင့် အသား၏ ညှီနံ့ကို ဖယ်ရှားခဲ့ကာ လှီထားသော ကြက်သွန် ဖြူ ၊ နီဖြင့် ဆီသတ်ခဲ့သည်။ သိုးသူငယ်သားကို ဆီပူပူထဲ ထည့်လိုက်ပြီးနောက် ဆီတွေက နေရာအနှံ့ လွင့်စင်သွားခဲ့သည်။

သိုးသူငယ်၏ အနံ့နှင့် ဆီပူပူက နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ပဲငပိ၊ ဟော့ပေါ့ ဟင်းရည် အခြေခံပစ္စည်းနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့ကို ထပ်ထည့်ကာ အနည်းငယ်မွှေပြီးနောက် ပဲငံပြာရည် ထည့်ခဲ့သည်။

ထိုအချိန်တွင် မီးဖိုချောင်လေး၌ လွန်ကဲသော ရနံ့များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ခြံထဲတွင် ပလပ်ကုလားထိုင်နှင့် ထိုင်နေသော တင်းရှက အနည်းငယ် ဂနာမငြိမ်ဖြစ်နေခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now