episode-35

3.4K 17 2
                                    

တိုင်းတပါးရဲ့ နွေ ရာသီကို မြင်တွေ့ရတာ တေဇာအတွက် ဒါပထမဆုံးအကြိမ်ဖြစ်သည်။ သူများနိုင်ငံရဲ့ နွေရာသီဆိုတာက
ပြောရရင် ကိုယ့်နိုင်ငံက ဆောင်းဦးရာသီ လောက်သာ ရှိသည်။

တေဇာ USAကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ Minjun ကလည်း သူ့ကို နဂိုအတိုင်းပင်လှိုက်လဲစွာကြိုဆိုပါသည်။
အိမ်မှာက သူတို့နှစ်ယောက်ထဲပဲ ဖြစ်ကာ Minjunရဲ့ အဖေက တစ်ခါတော့လာတွေ့သွားသည်။

တက္ကသိုလ်တွေက ဖွင့်ဖို့ ရက်(20)ကျော်ကျော်လောက်လိုသေးသည်။ တေဇာ အလုပ်လည်း လုပ်ချင်နေသည်။ ဘာလုပ်ရ မှန်းလဲ မစဥ်းစားရသေးပါ။Minjun အလုပ်လုပ်နေတဲ့ work shop မှာလည်းလုပ်ဖို့ကျတော့ ရက်က ကိုးယိုးကားယား ဖြစ်နေသည်။
စောစောပြန်လာလိုက်ရင်တောင်ကောင်းသားလို့တောင်မှတေဇာ တွေးနေမိပါသေးသည်။

ဒီလိုနဲ့တေဇာလည်း ဟိုစပ်စပ်ဒီစပ်စပ် လိုက်ရှာလိုက်မေးရင်း သူနဲ့ သိတဲ့ driverလူတစ်ယောက်ဆီက အလုပ်တစ်ခုရလိုက်သည်။

ထိုလူကြီးက ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ driver တစ်ယောက်ဖြစ်သည်။ လတ်တလောသူက နေမကောင်း၍ သူ့နေရာမှာ ဝင်ပြီး မောင်းပေးမဲ့ လူတစ်ယောက်လိုနေတာဖြစ်သည်။ သူက နေကောင်းတဲ့ အခါပြန်ဝင်မှာဖြစ်သည်။

တေဇာက ကားလည်းမောင်းနိုင်တယ်၊ လိုင်စင် ကလည်းရှိနေ၍ အတော်လေးအဆင်ပြေတာကြောင့် လုပ်ဖို့စိတ်ကူးလိုက်သည်။ မနက်7နာရီ ကနေ ည7နာရီ ဖြစ်ကာ ထိုအချိန်အတွင်း ဆေးတွေကို လိုက်ပို့ပေးရမှာဖြစ်သည်။

ရေကန်အသင့်ကြာအသင့်ဖြစ်တာကြောင့်တေဇာ လုပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

.............................

Time skip..

နံနက် ကတည်းက တေဇာ ဆေးတွေလိုက်ပြီးပို့နေရတာဖြစ်တာကြောင့် နေ့လည်စာ စားဖို့ လမ်းမှာ ခဏရပ်ပြီး စားစရာဝယ်ကာ ကားပေါ်မှာပဲစားလိုက်သည်။.

ဒီလိုနဲ့ တေဇာ တစ်ယောက် တစ်နေကုန် ကားပတ်မောင်းနေရပြီး ညနေရောက်တော့ ကုမ္ပဏီကို ကားပြန်ထားပြီး ပြန်ဖို့လုပ်တော့သည်။

"Taye!!"

ပြန်မလို့ကုမ္ပဏီ ကထွက်လာတုန်း ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့

Bad Guy (လူဆိုး)Where stories live. Discover now