episode-38

4.1K 14 3
                                    

စော်တစ်ဗွေနဲ့ ပျက်လို့ နောက်တစ်ဗွေနဲ့ ငြိပြီး
hotelမှာ နှပ်မလို့ စဥ်းစား တုန်းရှိသေး ပြတ်ပြီလို့သတ်မှတ်လိုက်တဲ့ စော်က ပြန်လာ ရှုပ်၍ အကုန် ပြသာနာတတ်ကုန်သည်။

စိတ်ညစ်ညစ်နဲ့ အရက်ပုလင်းဆွဲရင်း မြစ်ကူးတံတားပေါ်မှာ နေဝင်ချိန်ကိုကြည့်ပြီး စိုင်းထွဋ်ခေါင် လာfeelနေသည်။

ဆံပင် ဂုတ်ထောက်ကို အနောက်ပြန်လှန်စည်းထားတဲ့ ထွဋ်ခေါင် က လူချော တစ်ယောက်ပေမဲ့ သူ့ရဲ့ ဘဝကတော့ ချောမွေ့မနေပါ။

အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိသားစု ကမွေးလာတဲ့ လူဖြစ်ပြီး 15နှစ်အရွယ်လောက်ကတည်းက ကိုယ့်ဘဝတက်လမ်းကိုယ်ရှာကာ ပညာ သင်၍ ညီမ ဖြစ်သူကို စောင့်ရှောက်ပေးခဲ့သည်။

တာဝန်မကျေတဲ့ မိဘ နှစ်ပါး ဆုံးသွားပေမဲ့လည်း သူတို့က ထွေထွေထူးထူးပြောင်းလဲ သွားတာမရှိပဲ ရပ်တည်နိုင်ခဲ့သည်။

သူ့ဘဝကို စိတ်ကြိုက်ပျော်သလိုနေပြီး
မမရဲ့ အကူအညီနဲ့ စီးပွားရေးလုပ်သည်။

ဥစ္စာပေါရုပ်ချောတဲ့လူပီပီ မိန်းမရှုပ်သည်။
စိတ်ကြိုက်အမ်းသည်။ ထည်လဲတွဲသည်။

သူ့စိတ်ထဲမှာတော့ သူ့ဘဝ ကိုမြေတောင်မြောက်ပေးတဲ့ မမကို တွယ်တာသည်။ ပြောရရင် သံယောစဥ်ရှိနေသည်။ ချစ်မိနေသည်ဟုထင်မှတ်ထားသည်။

မမ ကတော့ သူ့ကို စိတ်မဝင်စား ငွေကြေးကိုသာ စိတ်ဝင်စားသည်။

လိုတာမရ ရတာမလိုတဲ့ ဘဝ. အ​​ေကြာင်းကိုတွေးရင်း စိတ်လေသည်။

မြစ်ကိုကြည့်နေရင်းကနေ နောက်ပြန်လှည့်လိုက်ချိန်

"အ!!"

ထွဋ်ခေါင်ရဲ့ ကျောပြင်ကြီးနဲ့ နောက်က လမ်းလျှောက်လာတဲ့တစ်ယောက် ဝင်ဆောင့်မိပြီး ထိုသူက ဖင်ထိုင် လျက် လဲကျသွားသည်။

ကြားလိုက်ရတဲ့ အသံကြောင့် ယောက်ျားလေးမှန်း ထွဋ်ခေါင် သိလိုက်သည်။

ကြည့်လိုက်တော့ ကောင်လေးက သေးသေးကွေးကွေး ထွဋ်ခေါင်နဲ့ ယှဥ်ရင် အကောင်တော်တော်သေးတဲ့ အထဲပါသည်။

Bad Guy (လူဆိုး)Where stories live. Discover now