Unicode>
ခွမ်းးး!!
"ကဲဲပြန်ပြီလား!! နင်အလုပ် လုပ်တိုင်းအေးဆေးနေရတယ်မရှိဘူး!!"
"ကျနော်..မတော်တဆ.."
"လာပြန်ပြီ မတော်တဆ၊တစ်ခါလာလည်း မတော်တဆ၊ဆယ်ခါလာလည်း မတော်တဆ!!"
"ကျနော်တကယ်ပြောတာပါ.."
မနက်မိုးလင်းတာနဲ့ သူ့မိထွေးဖြစ်သူအတွက် စားဖို့ပြင်ပေးရသည်။ လုပ်ပေးတိုင်းလည်း လူကိုဘယ်တော့မှအကောင်းမမြင်ပါ။ ပြဿနာကို မီးထွန်းရှာသည်။ အခုလည်းပြောပြန်ပြီ။ ပန်းကန်ကျကွဲသွားသည်ကို ပြောတော့မှာရစရာမရှိ။ လူဘာဖြစ်သွားလဲကို ဂရုမစိုက်ဘဲ သူ့အိမ်ကပန်းကန်ကွဲလို့ ဆူနေပြန်သည်။
"အခုချက်ချင်း လာပြန်ကောက်"
"ဒါပေမဲ့..ကျနော့်လက်ကနည်းနည်း...."
"နင့်လက်ကိုဂရုစိုက်ပေးရမှာလား"
"ကောင်းပါပြီ"
အော်ငေါက်ပြီး လှည့်ထွက်သွားဖို့ပြင်နေချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ black suitနဲ့လူတွေက အိမ်ထဲကိုဝင်လာခဲ့သည်။ ကြည့်ရတာအဆင့်မြင့်တဲ့ လူတန်းစားတွေဖြစ်လောက်မည်။
"ဒေါ်မိုးမြင့်နွယ်!! ကျုပ်တို့Bossက မဒမ့်ကိုတွေ့ချင်နေပါတယ်.!"
ပြောလို့ပင်မဆုံးသေးဘဲ black suitဝတ်ထားသူရဲ့ဘေးကို အရပ်မြင့်မြင့်၊ရုပ်ချောချော၊ကြည့်တော့ လူမိုက်ရုပ်ပေါက်ပေမဲ့ ကြည့်လို့အတော်ကောင်းသည့်လူက ဘေးတွင်မတ်တပ်လာရပ်လေသည်။ All blackကိုအကျပ်ဝတ်ဆင်ထားသောကြောင့် ရင်အုပ်ကျယ်ကြီးကို ဖွင့်ပြနေပြီး ဆွဲဆောင်နေသယောင်..။
"ဘာလဲ..ကျုပ်ကိုမမြင်ဖူးလို့လား.?"
"မင်း..မင်းကဘယ်သူလဲ.!? ဘာလာလုပ်တာလဲ.!? ငါ့ကိုသိလို့လား.!?"
"သိပ်သိတာပေါ့..အကျင့်ယုတ်တဲ့အဒေါ်ကြီးမဟုတ်လား.?!!"
"ဘာ..မင်းကဘာမို့လို့ ငါ့ကိုအခုလိုပြောရဲတာလဲ။မင်းကိုယ်မင်း ဘာထင်နေတာလဲ"
"ကျုပ်က လူ လေ!! ခင်ဗျားမြင်တဲ့အတိုင်းပဲ"
"မင်းဘယ်ကလဲ။ ငါ..မင်းကိုမသိဘူး"
YOU ARE READING
My Husband is a Mafia Boss(Unicode/Zawgyi)
Non-Fictiondark အပိုင်းလေးတွေများနိုင်တာမို့သင်က inocent ဆိုရင်လုံးဝမဖတ်ဖို့အကြံပြုချင်ပါတယ် (ဒီaccလေးနဲ့ပဲအစကနေပြန်တင်ပါမယ်ရှင့်။အရင်တင်တဲ့accကပျက်သွားလို့ပါ။accကိုcopyထားတာလည်းမဟုတ်ရပါဘူးရှင့်။အားပေးကြဖို့မျှော်လင့်ပါတယ်။)