Part-2

3 0 0
                                    

Unicode

"ဟာ..ဟျောင့်တွေ ဟိုမှာကြည့်စမ်း"

"အိုးး..မိုင်..ဂုတ်! ဘယ်လိုတောင်လိုက်ဖက်လိုက်တာလဲကွာ"

မဟာက မင်းခန့်ရဲ့လက်ကိုကိုင်ပြီး ကားပေါ်ကနေဆင်းလာသည်။ ဒါကို မဟာနဲ့ပါလာတဲ့လူတွေက သိပြီး အမျိုးမျိုးပြောနေခြင်းပင်။ မပြောချင်စရာလည်း အကြောင်းမရှိပေ။ မဟာက သွေးအေးသည်။ တည်ငြိမ်သည်။ ကြမ်းတမ်းသည်။ ဒါကိုသူတို့အသိဆုံးပင်။ အခုကျပြန်တော့ မဟာတစ်ခုခုပြောင်းလဲနေသလိုပင်။

"ဟျောင့်တွေ..ကိုမဟာက အဲ့ကောင်လေးကို ကြိုက်သွားတာတော့မဟုတ်လောက်ပါဘူးနော်.."

"မင်းနေရာတကာ ဝင်မပါလို့မရဘူးလား! မင်းထင်တိုင်း လျှောက်ပြောမနေနဲ့ကွ! ပါလေရာငပိချက်ရ!"

==========

"ခန့်..ခဏထိုင်နေအုံး"

"မင်း..ငါ့အမေကိုဘာမှမလုပ်ဘူးမှတ်လားဟင်"

"မလုပ်ဘူး အေးဆေးတိုင်ပင်စရာရှိလို့"

"အင်းပါ.."

ဒေါ်မိုးမြင့်နွယ်ရှေ့ကို တစ်လှမ်းချင်း​လျှောက်သွားပြီး မေးခွန်းတစ်ခုမေးခဲ့သည်။

"ဟိုအဒေါ်ကြီး! ကျုပ်ခင်ဗျားကိုမေးစရာရှိတယ်"

"ငါ့ကိုအရင်လွှတ်ပေး"

"ဘရောင်း! သူ့ကိုလွှတ်ပေးလိုက်"

"ဟုတ်ကဲ့ မဟာ.."

"ကဲ..ကျုပ်မေးမယ်! ခန့်က ခင်ဗျားရဲ့သားအရင်းလား.?"

"မင်းမှာ ငါတို့ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်စွတ်ဖက်ခွင့်မရှိဘူးထင်တယ်"

"သိတယ်..ခင်ဗျားရဲ့ သားအရင်းမဟုတ်ဘူးမှတ်လား"

"မဟုတ်တော့ရော..မင်းကဘာလုပ်ချင်လို့လဲ"

ဒေါ်မိုးမြင့်နွယ်ရဲ့ ဘေးကနေ မင်းခန့်ဘေးကို တစ်လှမ်းချင်းလျှောက်သွားခဲ့သည်။

"ထင်သားပဲ..အခုခင်ဗျားယူသွားတဲ့ ငွေပမာဏကိုသိမှတ်လား"

"သိ..သိတယ်"

"အဲ့တာကို ခန့်နဲ့လဲပေး.! ဘယ်လိုလဲ"

မဟာနဲ့ပါလာတဲ့ လူတွေအပါအဝင် ခန့်ကိုယ်တိုင်လည်း ကြောင် အ သွားရသည်။ ဆိုလိုတာက အခုသူ့ကိုလူတစ်ယောက်က ဝယ်တော့မှာမဟုတ်လား။

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

My Husband is a Mafia Boss(Unicode/Zawgyi)Where stories live. Discover now